လူတစ်ယောက်ဟာ ကျန်းမာကြံ့ခိုင်ဖို့ အစားအဟာရဓာတ်များစွာလိုအပ်ပါတယ်။ဒါကြောင့် နေ့တိုင်းစားသုံး နေကြတဲ့ အစားစာတွေထဲမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားသောက်တွေကို စားပေးဖို့လိုပါတယ်။ ဗီတာမင် ဆိုတာ လူတစ်ယောက်ဖွံ့ဖြိုးကြီးထွားဖို့နဲ့ ဉာဏ်ရည်တွေပြည့်မှီဖို့ အထောက်ကူအဖြစ်ပေးပါတယ်။ဗီတာမင် ဘီ 12 ဟာ သတ္တဝါလေးတွေမှရရှိပြီး အများအပြားစားသုံးမိရင် လိုတဲ့ဟာကို ခန္ဓာကိုယ်ထဲမှာ သုံးပြီး ပိုလျှံနေ ရင်လည်း သိမ်းဆည်းထားပေးပါသတဲ့။ 

ကြွယ်ဝတာတွေကတော့ ပုစွန်၊ အသည်း၊ ငါး၊ ကဏာန်း၊ ပဲပိစပ်၊ ပဲနို့၊ အဆီမပါတဲ့အသား၊ အဆီထုတ်ထားတဲ့ နွားနို့၊ ဒိန်ခဲ၊ စတဲ့အစားသောက်တွေမှာပါဝင်ပါတယ်။ခန္ဓာကိုယ်ထဲမှာ ဗီတာမင် မပြည့်လျင် ဆဲလ်တွေဟာ ဆာလောင်လာပြီး အားနည်းကာ တစ်နေကုန် နုံးချိကိုက်ခဲနေခြင်းက ဗီတာမင် မပြည့်စုံခြင်းကြောင့်ဖြစ်ပါတယ်။ ဗီတာမင် လုံလောက်နေရင် နှလုံးသွေးလည်းပတ်မှုကောာင်းစေပြီး နှလုံးဝေဒနာဖြစ်ခြင်းမှကာကွယ်ပေးပါတယ်။ 

အရိုးကျန်းမာစေတယ် အရိုးပွခြင်း၊ အရိုးရောင်ခြင်းတွေကို ကာကွယ်ပေးတယ်။အိုမင်းရင့်ရော်ခြင်းတွေကို ကာကွယ်ပေးပြီး အဆိပ်အတောက်နှင့် သွေးတွင်း သကြားဓာတ်မြင့်ခြင်းကို ကာကွယ်ပေးပါတယ်။အာရုံကြော ဆဲလ်များကို ကာကွယ်ပေးပြီး အင်ဇိုင်းမာရောဂါဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။ ကဲဒီလောက်ဆိုရင် ဗီတာမင် ဘီ 12 အကြောင်းသိပြီးမို့ ခုပဲနေ့တိုင်းစားသုံးပေးစို့.. 

Source: Jolly

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။