ပန်းသီးဟာ ပုံပြင်ပေါင်းများစွာနဲ့ သမိုင်းများစွာရှိခဲ့ပါတယ်။ ဟုတ်ပါတယ် ပန်းသီးဟာ စားလို့ကောင်းတယ် ဆွဲဆောင်မှုရှိတယ် နောက်ထပ်ကျန်းမာရေးအတွက်လည်း ကောင်းစေပါတယ်။ပန်းသီးဟာ ကယ်လိုရီနည်းပါး တဲ့အတွက်တစ်နေ့တစ်လုံးစားပေးရင် နှလုံးရောဂါကို သက်သာစေပါတယ်တဲ့။ပန်းသီးဟာ ကျောက်ကပ်ရောဂါ အတွက်လည်း ကောင်းမွန်စေပြီး ဝမ်းမီးကိုလည်း ငြိမ်းစေပါတယ်။ 

အထူးလေ့လာတွေ့ရှိချက်တွေ ကတော့ ပန်းသီးစားခြင်းကြောင့် အမျိုးသမီးတွေမှာ လိင် စိတ်ကိုနိုးကြားစေပြီး စိတ်အားထက်သန်မှုကို ပိုဖြစ် စေတယ်လို့ ဆိုထားပါတယ်။အမျိုးသမီးအသက် (၁၈ ) နှစ်ကနေ အသက် (၄၃) နှစ် အရွယ်ကြားရှိတဲ့ အမျိုးသမီးများကို စစ်တမ်းကောက်ပြီး သုတေသန ပြုလုပ်ချက်အရ အမျိုးသမီးတွေဟာ ပန်းသီးစားခြင်းကြောင့် လိင်စိတ်ကို ပိုမိုစိတ်အားထက်သန်စွာ ရှိကြောင့် တွေ့ရှိခဲ့ကြပါတယ်။ 

ဒါကြောင့် ပန်းသီးစားခြင်းကြောင့် အိမ်ထောင်ရှင်မများအနေဖြင့် စိတ်ဓာတ်ကျပြီး မိမိအိမ်ထောင်ဖက်အပေါ် စိတ်မပါခြင်း၊ လိင် စိတ်လျော့နည်းလာခြင်း၊ တို့အတွက် ပန်းသီးကိုတစ်နေ့တစ်လုံးစားပေးသင့်ပါတယ်။ ဒါကြောင့် အမျိုးသမီးများ တစ်နေ့တစ်လုံး ပန်းသီးစားပေးပါ။ ကျန်းမာဝဖြိုးပြီး အလှတိုးစေမှာ အမှန်ပဲဖြစ်ပါတယ်။အိမ်ထောင်ရေးသုခကိုလည်း ပြည့်စုံစေမှာဖြစ်လို့ ပန်းသီးကို တစ်နေ့တစ်လုံး စားကြစို့.။. 

Source: Jolly

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။