ဒီနှစ်အကယ်ဒမီမှာ အသက်ကြီးသူ၊ ဂုဏ်ဒြပ်ကြီးသူ၊ စည်းစိမ်ကြီးသူများ စိုးမိုးမည်လို့ထင်ကြောင်း ဒါရိုက်တာဝိုင်းကနေ ပြောကြားခဲ့ပါတယ်။

၂၀၁၆ အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် အမျိုးသမီးဇာတ်ဆောင်ဆုကို ‘ချစ်လှစွာသော အမုန်း’ရုပ်ရှင်ဇာတ်ကားမှ မင်းသမီးတစ်ဦးရနိုင်ကြောင်း ၎င်းဇာတ်ကား ဒာရိုက်တာဖြစ်သူ ဝိုင်းကနေ ပြောကြားခဲ့ပါတယ်။

‘‘မင်းသမီးကတော့ ကျိန်းသေပါတယ်။ သက်မွန်နဲ့ ကစ် ကစ် (ဝတ်မှုံရွှေရည်) နှစ်ယောက်ထဲက တစ်ယောက်ရမှာပါ။ မရ တဲ့တစ်ယောက်ကိုလည်း အခုကတည်းက ကြိုပြီးပြောထားချင်ပါတယ်။ အကောင်းဆုံးယှဉ်ပြိုင်ခဲ့တာပါ။ ဒါပေမဲ့ ပင်နယ်တီမှာတော့ ကံကြမ္မာဆိုတာရှိတတ်ပါတယ်။ ပင်နယ်တီမှာ ရှုံးတယ်လို့ပဲ သတ်မှတ်ပြီး တစ်ယောက်ကိုတစ်ယောက် သဘောထားကြီးကြီးနဲ့ ထွေးပွေ့ပေးပါ၊ အားပေး ပေးပါလို့ပဲ ကြိုပြီးပြောချင်ပါတယ်’’

၂၀၁၆ အတွက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ‘ငဘ’ဇာတ်ကားနှင့် ကျော်သူရရှိမည်ဟုထင်ကြောင်း ထပ်မံပြောဆိုခဲ့ပါတယ်။

‘‘အစ်ကို့အတွက်ဆိုရင်တော့ အစ်ကိုက ရှေ့ ၂ နှစ်ဆက် တိုက်ရခဲ့တဲ့ ဒါရိုက်တာ၊ အဲဒီအတွက် မြန်မာရုပ်ရှင်သမိုင်းမှာ သုံး နှစ်ဆက်တိုက်ပေးခဲ့တဲ့ သမိုင်းကို တော့ မတွေ့ဖူးသေးဘူး။ ဒါပေမဲ့ပေးမယ်ဆိုရင်တော့ သမိုင်းသစ်ရေးထိုးနိုင်သူအနေနဲ့ ဝမ်းသာရမှာပါ’’ လို့ အကောင်းဆုံးဒါရိုက်တာဆုနဲ့ပတ်သတ်ပြီး ပြောကြားသွားခဲ့ပါတယ်။ 

Source : 7days

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။