လပေါင်းသုံးဆယ်ကျော် အခန်းတွင်း ပိတ်လှောင်ထားခံရသော မသီရိတင်အောင်၏ မိခင် ဒေါ်သန်းသန်းဝင်း ဘာပြောသလည်း

ယခုလတ်တလော လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးနေတဲ့ သတင်းကတော့ မသီရိတင်အောင် ဆိုတဲ့ အမျိုးသမီးငယ်တစ်ဦး သုံးနှစ်နီးပါးအခန်းတွင်း ပိတ်လှောင်ထားခြင်းခံရတဲ့ သတင်းပဲဖြစ်ပါတယ်။ ထိုလုပ်ရပ်ဟာ ပြည်သူလူထု အထူးသဖြင့် အမျိုးသမီးထုကို စိတ်ဆိုးဒေါသဖြစ်စေခဲ့ပြီး ထိုအမှုနဲ့ပတ်သတ်လို့ ထိရောက်ပြင်းထန်တဲ့ အရေးယူမှုမျိုးပြုလုပ်ပေးဖို့ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။

ယခုကဲ့သို့ မတရား ပိတ်လှောင်ထားခြင်းခံခဲ့ရတဲ့ မသီရိတင်အောင်ရဲ့ မိခင်ဒေါ်သန်းသန်းဝင်းက သူ့သမီးရဲ့ အဖြစ်အပျက်နဲ့ ပတ်သတ်ပြီး…

ဒေါ်သန်းသန်းဝငးအနေနဲ့ သူ့သမီးပျောက်ဆုံးစဉ်ကပင် ရဲစခန်းမှာ အမှုဖွင့်ခဲ့တယ်လို့ ဆိုပါတယ်……

"၂၀၁၄ ဇွန်လ ၅ ရက်မှာ ပျောက်သွားတယ်။ ကျွန်မတို့က စက်မှု(၁)မှာ ထမင်းရောင်းတယ်။ ၅ နာရီထိုးတော့ ဆိုင်သိမ်းလာတယ်။ ပြန်လာတော့ အိမ်မှာမရှိဘူး။ ၇ နာရီ၊ ၈ နာရီအထိ ဖုန်းဆက်တယ်။ မရလည်း မရရော ရဲစခန်းကို သွားပြီးတော့ ကျွန်မသမီးပျောက်နေကြောင်းကို တိုင်ကြားတယ်။ တိုင်လည်းတိုင်ရော သူတို့က မနက်ဖြန်ကျမှ ပြန်လာဦးမလား၊ စောင့်ကြည့်ဦးလို့ ပြောလိုက်တယ်။ မိုးလင်းတော့ ၂၀၁၄ ဇွန်လ ၆ ရက်မှာ ကျွန်မသမီး ဓာတ်ပုံယူတယ်။ သမီးပျောက်aကြာင်းကို သွားတိုင်တယ်။ ဗဟန်းရဲစခန်းမှာ အမှုဖွင့်တာ"

သူမအနေနဲ့ သမီးပျောက်ဆုံးတာနဲ့ ပတ်သတ်ပြီး ယခုတရားခံကို သံသယရှိခဲ့ပြီး သမီးပျောက်ဆုံးပြီး ၁၅ ရက်အကြာ ခေါ်တွေ့ခဲ့ကြောင်းကို

"ကောင် လေးဖုန်းကိုကျွန်မက ဆက်တယ်။ သမီး​ပျောက်​ပြီး ၁၅ ရက်​​လောက်​ကြာတဲ့အခါမှာ အဲဒီ ကောင်​​လေးကို နင်​မဟုတ်​ဘူးဆိုရင်​ လာ​တွေ့ဆိုပြီး ရန်​ကင်​းစင်​တာမှာ ချိန်​းလိုက်​တယ်​။ သူက အန်​တီ့သမီးက လာခိုးခိုင်​းတယ်​။ ကျွန်တော်​ မခိုးခဲ့ဘူး။ ကျွန်​​တော်​့ကို အန်​တီ့သမီးယူခိုင်​းဖို့ အိပ်​မက်​မမက်ပါနဲ့ဆိုပြီး ​ပြောတယ်​။ အန်​တီတို့က သတင်​းစာထဲ ​ကြော်ငြာတော့မှာ​နော်​လို့ ​ပြော​တော့ ​ကြော်​ ငြာထည်​့ဖို့ ဆိုပြီး ပိုက်​ဆံနှစ်သောင်​းပစ်​​ပေးပြီး လှည်​့ပြန်​သွားတာ ​နောက်​ကလိုက်​လို့​တောင်​ မမီဘူး။

သမီး​ပျောက်​တာ တစ်​နှစ်​ပြည်​့​တော့လည်​း သူ့ကို ရန်​ကင်​းစင်​တာမှာပဲ ပြန်​​ခေါ်တွေ့တယ်​။ သမီးကို ​တွေ့ဖို့ ​​ခြေ​ထောက်ဖက်​ ပြီး ​ပြောတယ်​။ သူက​တော့ အရင်​တစ်​ခါ တွေ့တုန်​းက ​ပြောတဲ့အတိုင်​းပဲ ​ပြောပြီး ထွက်​သွားတယ်​" လို့ ဆိုပါတယ်။

ဆက်လက်ပြီး ဒေါ်သန်းသန်းဝင်းဟာ သူမအနေနဲ့ သူမသမီးခံစားခဲ့ရသလို ပြန်ခံစားစေချင်တယ်လို့ ပြောပါတယ်။ လက်ရှိမှာ မသီရိတင်အောင်ကို ကျန်းမားရေးကောင်းအောင် စောင့်ရှောက်နေရတယ်လို့ ဆိုပါတယ်။

""အသား အရေက အခုမှ ပိုပြီးတော့ ဖြူလာ သလို ဖြစ်သွားတာပေါ့။ အရင် တုန်းကတော့ ဒီလောက်ကြီးမဖြူ ဘူး။ နည်းနည်းလေးလည်း ကြည့် ပျော်ရှုပျော်ရှိသေးတယ်။ နဂိုက တည်းက နည်းနည်းလေး ဝသေး တယ်။ ပြန်ရောက်စကဆို ကလေးက ထိုင်တောင်မထိုင်နိုင်ဘူး" လို့ ဆိုပါတယ်။

Source: 7Day News

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။