စက်တင်ဘာ ၂၆ရက်နေ့ မနေ့ကဖြစ်ပေါ်ခဲ့တဲ့ လှိုင်သာယာသေနတ်ပစ်လူသတ်မှုကိုတော့ ပရိသတ်တွေလည်း သိရှိပြီးဖြစ်မယ်ထင်ပါတယ်။ လက်နက်ကိုင်ဆောင်ပြီး အိမ်အတွင်း ဝင်ရောက်ပစ်သတ်မှုကြောင့် အသက် ၅၆နှစ်အရွယ် ဝါကြီး(ခ) ခင်မောင်လွင်ဆိုသူသည် ယာနားထင်၊ ဦးခေါင်းနောက်စေ့အောက် ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ဖြစ်စဉ်ကတော့ လှိုင်သာယာမြို့နယ်၊ အပြင်ပဒံကျေးရွာ၊ ဆန်စက်လမ်း ၁၁နာရီ ၃၀ခန့်ကဖြစ်ပွားခဲ့တာဖြစ်ကြောင်းသိရပါတယ်။  

အဆိုပါ လာရောက်ပစ်ခတ်သူလေးဦးကိုတော့ လိုက်လံဖမ်းဆီးခဲ့ရာ တွံတေး မြို့နယ်၊ ရေကျော်လေးကျေးရွာရှိ ငါးကန်စောင့်တဲတစ်ခုအတွင်း

အောင်မင်းဦးအား ဒဏ်ရာများဖြင့်တွေ့ရှိ ၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးပြီး နေ့လည် ၃နာရီ ၄၀ အချိန် တွံတေး မြို့နယ်၊ရေကျော်လေးကျေးရွာအနီး အခြားငါးကန်ဘောင်များပေါ်တွင် စောလမွန်(ခ) ကိုစောပါ ၄ ဦးတို့အားတွေ့ရှိခဲ့သဖြင့် ခြောက်လှန့်ပစ်ခတ် လက်နက်ချ အဖမ်းခံစေခဲ့ကြောင်း သိရပါတယ်။ 

အဆိုတရားခံများနှင့်အတူ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့ကြသည့် ပွိုင့် ၄၅ ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည် ၁ တောင့်၊ ရီမင်တန်တစ်လုံးထိုး သေနတ် ၁ လက်၊ ၎င်းကျည် ၅ တောင့်တို့နှင့်အတူဖမ်းဆီးရမိခဲ့ပြီးဖြစ်စဉ်အသေးစိတ်အခြေအနေ၊သေနတ်လက်ဝယ်ရရှိမှုအခြေအနေများအားကွင်းဆက် မပြတ် ဆက်လက်ဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ “အကြွေးကိစ္စနဲ့ပတ်သက်ပြီး သေနတ်နဲ့ပစ်သတ်သွားတာဖြစ်ကြောင်း ဒေသခံအချို့ရဲ့ ပြောကြားမှုအရသိရပါတယ်။ သေဆုံးသူကလည်း ဇိုးတစ်ယောက်ဖြစ်ကြောင်း သိရပါတယ်။” မကြာခနဖြစ်ပေါ်နေတဲ့ လူသတ်မှုတွေကြောင့် ပရိသတ်တွေသတိထားနေထိုင်နိုင်ရန် သတိပြု မျှဝေပေးလိုက်ပါတယ်။

Photos - Yangon Police

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။