ပေါ့ဘာဟာအသင်းရဲ့ လေ့ကျင့်ရေးကွင်းကို ရောက်ရှိခဲ့ချိန်မှာ မော်ရင်ညို နဲ့ လက်ဆွဲနှုတ်ဆက်ဖို့ ပြင်ဆင်ခဲ့ပေမယ့် မော်ရင်ညိုက ငြင်းဆိုခဲ့ပြီး ကစားသမားနဲ့ သူနဲ့ကြားက ဆက်ဆံရေးတင်းမာမှုတွေကို ပြသခဲ့တာပဲဖြစ်ပါတယ်။ဒီလိုအခြေအနေတွေကြောင့်ပေါ့ဘာဘက်ကလည်း မော်ရင်ညိုအပေါ်မှာ အမျက်ထွက်ခဲ့ပြီး အသင်းဖော် ရှက်ဖို့ဒ်က ပေါ့ဘာရဲ့ ပုခုံးကိုပုတ်ပြီး ဒေါသကို နှစ်သိမ့်ပေးခဲ့တဲ့မြင်ကွင်းတွေကို မြင်တွေ့ခဲ့ရပါတယ်။ 

ပေါ့ဘာ လာမယ့် ဆောင်းရာသီမှာတော့အသင်းကနေ လမ်းခွဲဖို့ ရာခိုင်နှုန်းက (၈၀) လောက်ထိရှိလာခဲ့ပါတယ်။မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ပေါ့ဘာတို့ကြားက အဆင်မပြေမှုတွေဟာ တဖြည်းဖြည်းနဲ့ မြင့်တက်လာခဲ့ပြီးနောက်မှာတော့ ကစားသမားက အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ များစွာထွက်ပေါ်လာခဲ့ပေမယ့် ပေါ့ဘာရဲ့ အေးဂျင့်ရွိုင်အိုလာက ဒီသတင်းကို ငြင်းဆိုခဲ့ပါတယ်။ 

ပေါ့ဘာဟာ နည်းပြမော်ရင်ညို ရဲ့ နည်းစနစ်ပိုင်းတွေကို အဓိက ဝေဖန်တိုက်ခိုက်ခဲ့ပြီး ဒါဘီအသင်းကို အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာလည်းအသင်းရဲ့ စွမ်းဆောင်ရည်ပိုင်းကို ထပ်မံဝေဖန်ခဲ့တာကြောင့် မော်ရင်ညိုနဲ့ သူ့ကြားမှာ ပေါ့ဘာရဲ့ Instagram ပေါ်က post နဲ့ ပတ်သက်ပြီးအချင်းများခဲ့ပါတယ်။ပေါ့ဘာရဲ့ စွမ်းဆောင်ရည်တွေကို မော်ရင်ညို ဝေဖန်ခဲ့ပြီး ပေါ့ဘာကို အဝတ်လဲခန်းတွင်းမှာ အချင်းများမှုတွေရှိခဲ့ပြီး ပေါ့ဘာကို အသင်းရဲ့ ဒုတိယအသင်းခေါင်းဆောင်ရာထူးကနေလည်း ထုတ်ပယ်ခဲ့ပါတယ်။ 

source: foxsportasia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။