မန္တလေးမြို ၊့မဟာအောင်မြေမြို ့နယ်၊ စိန်ပန်းရပ်ကွက်၊ အကွက် (၃၄၁) ၊ တာရိန်လမ်း ၊ သမ္မတကိတ်မုန် ့တိုက်ကြားလမ်းကြားရှိ နေအိမ်တစ်အိမ်တွင် အမျိုးသားအလောင်းတစ်လောင်းကို ဖေဖေါ်ဝါရီ ၂၄ ရက် မွန်းလွဲ (၁၂) နာရီကျော်က တွေ ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ မောင်အိမ်သူမောင်၊ အသက် (၁၈) နှစ် (ဘ) ဦးအောင်အောင်၊ ရတနာပုံတက္ကသိုလ် ပထမနှစ်ကျောင်းသားဖြစ်ပြီး ဖားကန် ့မြို ့နယ် ၊

စိုင်းတောင်ကျေးရွာအုပ်စု၊ မှော်ရှန်ရွာတွင် နေထိုင်သူဖြစ်သည်။

သေဆုံးသူ၏ ဦးလေးတော်စပ်သူ မန္တလေးမြို ့ ချမ်းအေးသာဇံမြို ့နယ် ကိုးလုံးတကာရပ်တွင်နေထိုင်သည့် ဦးဇော်မျိုးနိုင်၏ ပြောပြချက်အရ

မောင်အိမ်သူမောင်သည် ဖေဖေါ်ဝါရီ (၁၉) ရက်နေ ့တွင် ၎င်း၏ ဇာတိသို ့ပြန်မည်ဟု ဆိုကာထွက်သွားခဲ့ကြောင်း၊

ထို ့နောက် စိုင်းတောင်သို ့ဆက်သွယ်မေးမြန်းရာ မောင်အိမ်သူမောင် ပြန်မရောက်လာသေးကြောင်း သိရှိရသဖြင့် လိုက်လံရှာဖွေခဲ့ပါသည်။

တူဖြစ်သူ၏ သူငယ်ချင်း မဟာအောင်မြေမြို ့နယ်၊ စိန်ပန်းရပ်ကွက်၊အကွက် (၃၄၁) ရှိ ဝေဖြိုးမောင် ငှားရမ်းနေထို်င်သည့် နေအိမ်သို ့သွားရောက်ခဲ့ကြောင်း၊

၎င်း၏ နေအိမ်အခန်းအတွင်း ကြည့်ရှုစဉ် ဝေဖြိုးမောင်မှ လူသေအလောင်းတစ်လောင်းအား ပီနန်အိတ်ဖြင့် ပတ််၍ ထုတ်ပိုးနေသည်ကို တွေ ့ရှိခဲ့ရသဖြင့် မသင်္ကာသောကြောင့် ပီနန်အိတ်အား ဖွင့်ကြည့်ရာ တူဖြစ်သူ၏ အလောင်းဖြစ်နေသည်ကို တွေ ့ရှိခဲ့ရကြောင်း၊ အလောင်းမှာ ပုပ်ပွနေသည်ကို

တွေ ့ရှိခဲ့ရကြောင်း ရဲကြေးနန်းအရ သိရသည်။

“တူတော်မောင်က ပထမနှစ်စာမေးပွဲ ပြီးကတည်းက ကျွန်တော့်အိမ်မှာလာနေတာ ဖေဖေါ်ဝါရီ (၁၉) ရက်နေ ့မှာ ရွာပြန်မယ်ပြောပြီး ပေါ်မလာတာနဲ ့

သူ ့သူငယ်ချင်းနေအိမ်ကို သွားရှာတော့ အခုလို တွေ ့ရှိခဲ့တာပါ” ဟု သေဆုံးသူ၏ ဦးလေးတော်စပ်သူ ဦးဇော်မျိုးနိုင်က ပြောကြားခဲ့သည်။

ထို ့နောက် ဦးဇော်မျိုးနိုင်မှ မဟာအောင်မြေ မြို ့နယ်၊ အမှတ် (၇) နယ်မြေရဲစခန်းသို ့တိုင်ကြားခဲ့ပြီး စခန်းမှူးနှင့် အဖွဲ ့က အခင်းဖြစ်ပွားရာ နေအိမ်သို ့

သွားရောက်ကြည့်ရှုခဲ့ပြီး အလောင်းအား ရဲဆေးစာဖြင့် မန္တလေးရင်ခွဲရုံသို ့ပို ့ဆောင်ခဲ့သည်။

“အခု ဖြစ်စဉ်နဲ ့ပတ်သက်ပြီး စစ်ဆေးနေဆဲပါ ။မောင်ဝေဖြိုးမောင်ကို စခန်ုးမှာ ချုပ်နှောင်ထားတယ်။

ကျူးလွန်သူနဲ ့ကျူးလွန်ခံရသူတို ့မှာ ရင်းနှီးခင်မင်သူတွေဖြစ်ပြီးတော့ လျှပ်တပြက်ဒေါသထွက်ပြီး အခုလို ဖြစ်နိုင်သလို အရက်သေစာသောက်စားပြီး

ဆင်ခြင်တုန်တရားကင်းမဲ့မှုကြောင့်လည်း ဖြစ်နိုင်ပါတယ်”ဟု မဟာအောင်မြေမြို ့နယ် ရဲစခန်းမှ စခန်းမှူ းဒုရဲမှူ းတင်ထွန်းအောင်က ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အမှတ် (၇)နယ်မြေရဲစခန်းမှ မောင်ဝေဖြိုးမောင် အသက် (၂၁) နှစ် (ဇာတိ-ကိုင်းသောင်ကျေးရွာ ပိုးလောင်းကျေးရွာအုပ်စု ပြင်စလူမြို ့နယ်) အား (ပ)၆၅/၂၀၁၇ ပြစ်မှုပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Source:sunthit

Hnin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။