ဖုန်းထဲကအသံကြားပြီး ၈၂ နှစ်အရွယ် အဖွားအိုနှင့် လက်ထပ်လိုက်သည့် လူငယ်အမျိုးသား

အင်ဒိုနီးရှားနိုင်ငံမှာ အသက် ၂၈ နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦးဟာ ဖုန်းထဲကအသံကို စွဲလမ်းတဲ့စိတ်ကြောင့် အသက် ၈၂ နှစ်အရွယ် အဖွားအိုတစ်ဦးနဲ့ မေတ္တာမျှပြီး လက်ထပ်ခဲ့ရပါတယ်။လွန်ခဲ့တဲ့ တနှစ်လောက်က ဆိုဖီယန် လိုဟို ဒန်ဒယ်လ်ဟာ အမျိုးသမီးတစ်ဦးဆီက ဖုန်းမှားခေါ်ဆိုမှုတခုကို လက်ခံရရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီအချိန်မှာ ဒန်ဒယ်လ်ဟာ ဖုန်းထဲကကြားရတဲ့ အမျိုးသမီးရဲ့အသံကို စွဲလမ်းနှစ်သက်ခဲ့ပြီး အပြန်အလှန် ဖုန်းတွေပြောဖြစ်ခဲ့ကြကာ နောက်ပိုင်းမှာတော့ သူတို့ ၂ ဦးစလုံးဟာ ဖုန်းထဲကတဆင့် မေတ္တာမျှခဲ့ကြတာပါ။

ဒါပေမယ့် ဒန်ဒယ်လ်က အဖွားအိုရဲ့အသက်ကို မသိရှိခဲ့ဘူးလို့ ပြောပါတယ်။

အဲဒီနောက်တော့ သူတို့ ၂ ဦးဟာ အပြင်မှာဆုံကြဖို့ ဆုံးဖြတ်ခဲ့ကြပြီး အမျိုးသမီးရဲ့အိမ်ကို ရောက်ရှိခဲ့ချိန်မှာတော့ ၈၂နှစ်အရွယ် မုဆိုးမအဖွားအို မာသာ ပိုတူကို တွေ့ရှိခဲ့ပြီး အံ့အားသင့်ခဲ့ရပါတော့တယ်။

အဲဒီအခြေအနေတွေ သိရပြီးတဲ့နောက်မှာလည်း ဒန်ဒယ်လ်ဟာ မုဆိုးမအဖွားအိုတဦးဖြစ်တဲ့ ပိုတူအပေါ်ထားတဲ့ သူ့ရဲ့ ချစ်ခြင်းမေတ္တာတရား မပြောင်းလဲခဲ့ပါဘူး။

ပိုတူကတော့ “ဒီအသက်အရွယ်မှာ ကျမကို ဂရုစိုက်နိုင်မယ့် အဖော်ကောင်းတယောက်နဲ့ တွေ့နိုင်ဖို့ ကျမ ဘုရားသခင်ဆီမှာ အမြဲဆုတောင်းခဲ့ပါတယ်။ ခုတော့ ဆိုဖီယန်ကို ကျွန်မဆီ ပို့ဆောင်ပေးခဲ့တယ်လေ” လို့ ပြောခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။