ပြည်တွင်း နေ့စဉ်နီးပါးဖြစ်ပွားလေ့ရှိတဲ့ မော်တော်ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်တွေကိုပရိသတ်ကြီးလည်း ကြားသိနေမယ်ထင်ပါတယ်။ အဆိုပါ ယာဉ်တိမ်းမှောက်မှုတွေထဲမှာ ခရီးသွားပြုသူတွေအသုံးပြုနေတဲ့ Express ကားများလည်း ပါဝင်နေတာတွေ့ရပါတယ်။

ဒီကနေ့ စက်တင်ဘာလ ၂၉ရက်နေ့တွက်လည်း ခရီးသည်တင် Express ကားတစ်စီး တိမ်းမှောက်မှုဖြစ်ပေါ်ခဲ့တာတွေ့ရပါတယ်။ ဖြစ်စဉ်ကတော့ ရန်ကုန်မှ ကလေးမြို့သို့ပြေးဆွဲနေသည့် High Class ခရီးသည်တင်ကားသည် ဒီမနက် ၄း၀၀ နာရီအချိန်ခန့်က ပုံညာအဆင်း မိုင်တိုင် ၈၀ အရောက်တွင် ဘရိတ်ပေါက်ခဲ့ရာ ချောက်ထဲကျလုနီးပါးဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။

အဆိုပါဘရိတ်ပေါက်မှုကို ကားဆရာရဲ့ ကျွမ်းကျင်မှုကြောင့် ထိန်းသိမ်းနိုင်ခဲ့ပြီး ယာဉ်ပေါ်ပါခရီးသည်အားလုံးလည်း ထိခိုက်မှုအနည်းငယ်သာရှိခဲ့ကြောင်း သိရပါတယ်။ ဒီကနေ့ဖြစ်ပေါ်ခဲ့တဲ့ အဆိုပါယာဉ်တိမ်းမှောက်မငဖြစ်စဉ်လေးကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Photos - မာံသုခ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။