လူတိုင်းကတော့ မသုံးကြပေမဲ့ သူငယ်ချင်းတွေ ကတော့တစ်ယောက်နဲ့တစ်ယောက် မျှဝေသုံးတတ်ကြပါတယ်။ အဝတ်အစားတွေကအစ ဖိနပ်ဆိုရင်လည်း ဒီလိုပါပဲ မျှသုံးကြပါတယ်။ဒီအထဲမှာ မျှဝေမသုံးသင့်တဲ့ ပစ္စည်းလေး တွေအကြောင်းကို တင်ပြချင်ပါတယ်။ခုဖော်ပြပေးမဲ့ လူသုံးကုန်ပစ္စည်းလေးတွေကို မျှဝေမသုံးမိပါစေနဲ့။ 

ပထမဆုံးအနေနဲ့ ဆပ်ပြာထောင့်ပဲဖြစ်ပါတယ်။ ဆပ်ပြာထောင့်မှာ ဘက်တီးရီးယားတွေ ကပ်နေတာကြောင့် မျှမသုံးသင့်ပါဘူးသပ်ရှင်သန့်ရပ်စွာမထားတဲ့ ဆပ်ပြာတွေကို မျှသုံးခြင်းဖြင့် တစ်ယောက် ရဲ့ဘက်တီးရီးယား တွေဟာတစ်ယောက်ကို ကူးစက်တတ်ပါတယ်။နောက်တစ်ခုကတော့ ကိုယ်နံ့ပျေက်ဆေးဖြစ်ပါတယ်။ အရေပြား ဆဲလ်တွေ ၊ အမွှေးအမျင်လေးတွေ မှာကပ်ညှိနေတဲ့ ဘက်တီးရီးယားတွေဟာ ဒီလိုတစ်ယောက်နဲ့ တစ်ယောက် မျှသုံးခြင်းဖြင့် ကူးစက်နိုင်ပါတယ်။

မုတ်ဆိတ်ရိတ်ဓားကိုလည်း မျှမသုံးကြဖို့ မှာချင်ပါတယ်။ မုတ်ဆိတ်ရိတ်ဓားမှာ အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုး၊ တွေကူးစက်နိုင်ပြီး တတ်နိုင်သမျှရှောင်ကြည်ဖို့လိုပါတယ်။မျက်နှာသုတ်ပဝါကလည်း မျှမသုံးသင့်ပါဘူး။ မျက်နှာသစ် တာဝါကို မျှသုံးခြင်းဖြင့် မျက်စီနာ၊ ကာလသား၊ ရောဂါတွေကူးစက်နိုင်ပါတယ်။ သွားတိုက်တံလည်း အဲလိုပါပဲ ဘက်တီးရီးယားတွေ ကူးစက်နိုင်ဆုံးဖြစ်ပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် မျှဝေမသုံးပါနဲ့။ လက်သည်းညှပ် ကိုလည်း မျှဝေမသုံးမိပါစေနဲ့။အရေပြားကိုမတော်တစ်ဆ ညှပ်မီရင် ရောဂါပိုးတွေ ကူးစက်နိုင်တာမို့ အတတ်နိုင် ဆုံး ရှောင်ကြည်ရပါမယ်။

Source: JOlly

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။