၂၀၁၈ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲစဉ်ကို ယနေ့ညနေ ၃း၃၀ နာရီက အောင်ဆန်းကွင်း၌ ကျင်းပခဲ့ရာ ရန်ကုန်ယူနိုက်တက် အသင်းက ဟံသာဝတီ ယူနိုက်တက် အသင်းကို အကြိတ်အနယ် ကစားပြီး ချန်ပီယံဆုကို ရယူသွားနိုင်ခဲ့သည်။ ဆုပေးပွဲ အခမ်းအနားကို ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဦးတို့ တက်ရောက်ဆုချီးမြှင်ခဲ့သည်။

ချန်ပီယံရန်ကုန်ယူနိုက်တတ်ကတော့ ပထမဆုကြေး ငွေသိန်း၃၀၀ရရှိခဲ့ပါတယ်။ ဒုတိယဆု ရရှိသည့် ဟံသာဝတီယူနိုက်တက် အသင်းအတွက် ဆုကြေးငွေကျပ် သိန်း ၁၅၀ ကို ပေးအပ်ချီးမြှင့်ခဲ့ပြီး MPT JO မှ COO မစ္စတာ ယိုရှီယာကီ ဘန်နီနိုက ပေးအပ် ခဲ့သည်။

ရန်ကုန်ယူနိုက်တက် အနေဖြင့် နောက်ဆုံးသုံးကြိမ်ဆက်တိုက် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သော်လည်း ယခုတစ်ကြိမ်မှသာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ခြင်း ဖြစ်ပြီး ယခုရယူနိုင်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆုကြီးမှာ ရန်ကုန်ယူနိုက်တက် အသင်းအတွက် ပထမဆုံး ရယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

source:MFF 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။