လက်ရှိ မြန်မာ့လက်ဝှေ့ချန်ပီယံ ကနေဒါနိုင်ငံသားဒေဝကိုတော့ အားလုံးသိပြီးသားဖြစ်မယ်ထင်ပါတယ်။ ချန်ပီယံဘွဲ့ကို နှစ်နှစ်တာထိန်းသိမ်းထားနိုင်နေပြီဖြစ်ပြီး မြန်မာ့လက်ဝှေ့ချစ်ပရိသတ်အခိုင်အမာရရှိထားသူတစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။ လက်ဝှေ့ပွဲများစွာကို မြန်မာ့ကိုယ်စားပြု ယှဉ်ပြိုင်လျှက်ရှိပြီး မြန်မာ့အလံကို ကမ္ဘာကသိအောင် ပြသပေးနေသူတစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။  

လက်ရှိ ဒေဝကတော့ ပြည်တွင်းမှာနေထိုင်လျှက်ရှိပြီး မြန်မာ့ရိုးရာဓလေ့များကို စိတ်ဝင်တစားလေ့လာနေသူတစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။ မြန်မာ့လက်ဝှေ့ကို ရှေးမြန်မာ့လက်ဝှေ့ချန်ပီယံကြီးတွေဆီက လေ့လာသင်ကြားနေပြီး နိုင်ငံတကာအလွတ်တန်းချန်ပီယံတစ်ဦးအဖြစ် ရပ်တည်နိုင်ရန် ကြိုးစားနေသူတစ်ဦးလည်းဖြစ်တာတွေ့ရပါတယ်။ မကြာသေးမီက ဒေဝကတော့ သူ့ရဲ့ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင် လေးစားအားကျရတဲ့ ပြည်တွင်းမြန်မာ့လက်ဝှေ့ချန်ပီယံဟောင်းကြီး ရွှေဝါထွန်းနှင့်အတူ တွေ့ဆုံရိုက်ကူးပြသထားတာတွေ့ရပါတယ်။ 

ပြည်တွင်း လေးစားအားကျရဆုံးသူတစ်ယောက်ဖြစ်တဲ့အကြောင်းကို "ကျွန်တော် ဦးရွှေဝါထွန်းရဲ့ ပွဲတွေကြည့်မိတဲ့အခါမှာ သူ့ကို အရမ်းလေးစားမိပါတယ်။ သူဟာ အလွတ်တန်းချန်ပီယံ နှစ်ပေါင်းများစွာ ဖြစ်ခဲ့ပါတယ်။ ရွှေဝါထွန်းလိုဘဲ ကျွန်တော်ဟာ အလွတ်တန်းချန်ပီယံ ဖြစ်လာခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။" ဟူ၍ ရေးသားထားတာတွေ့ရပါတယ်။ ပရိသတ်အားပေးမှုရရှိထားတဲ့ ချန်ပီယံကြီးတွေရဲ့ ပုံရိပ်များကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Photos - Dave

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။