ပြည်တွင်း အမြဲလိုလိုကြားနေရတဲ့ သတင်းတွေထဲမှာ ယာဉ်တိုက်မှုတွေကတော့ များစွာပါဝင်နေတာအားလုံးလည်း သိကြမယ်ထင်ပါတယ်။ ယာဉ်မောင်းသူများရဲ့ စည်းကမ်းမဲ့မောင်းနှင်မှုတွေနဲ့အတူ သဘာဝဘေးအန္တရယ်တွေကြောင့် တိမ်းမှောက်မှုပိုမိုများပြားနေပြီး သေကြေ ဒဏ်ရာရရှိမှုတွေကတော့ မရေမတွက်နိုင်အောင်များပြားလျှက်ရှိတာတွေ့ရပါတယ်။  

အဆိုပါ စည်းကမ်းမဲယာဉ်တိုက်မှုတွေထဲမှာ ဒီကနေ့ ဖြစ်ပေါ်ခဲ့တဲ့ မြဝတီယာဉ်တိုက်မှုတစ်ခုလည်းပါဝင်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ယာဉ်တိုက်မှုကတော့ ဒီကနေ့ အောက်တိုဘာလ ၁ ရက်နေ့ မြဝတီမြို့ အာရှလမ်းရွှေမြဝတီးဈေးလမ်းဆုံမှာဖြစ်ပွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။  

ဖြစ်စဉ်မှာ ကားနှစ်စီး ယာဉ်လမ်းကြောလုမောင်းရာမှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ယာဉ်တိုက်မှုကြောင့် ကားနှစ်စီးစလုံး ကြွေမွပျက်စီးခဲ့ရပြီး ကြားဝင်ဆိုင်ကယ် သမားကတော့ ခြေရိုးကျိုးဒဏ်ရာဖြစ် မြဝတီဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရကြောင်းသိရပါတယ်။ ယာဉ်မောင်းညီအကိုများ သတိပြုမောင်းနှင်ကြဖို့ သတိပေးတိုက်တွန်းရင်း ဒီကနေ့ ဖြစ်စဉ်ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

Photos - မာံသု ခ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။