ပြည်တွင်း အမြဲလိုလိုကြားနေရတဲ့ သတင်းတွေထဲမှာ ယာဉ်တိုက်မှုတွေကတော့ များစွာပါဝင်နေတာအားလုံးလည်း သိကြမယ်ထင်ပါတယ်။ ယာဉ်မောင်းသူများရဲ့ စည်းကမ်းမဲ့မောင်းနှင်မှုတွေနဲ့အတူ သဘာဝဘေးအန္တရယ်တွေကြောင့် တိမ်းမှောက်မှုပိုမိုများပြားနေပြီး သေကြေ ဒဏ်ရာရရှိမှုတွေကတော့ မရေမတွက်နိုင်အောင်များပြားလျှက်ရှိတာတွေ့ရပါတယ်။  

အဆိုပါ ယာဉ်တိုက်မှုတွေထဲမှာ အဆိုးဆုံးတစ်ခုဖြစ်တဲ့ ဆွာချောင်း ယာယီတံတားပေါ်ယာဉ်တိုက်မှုတွေကတော့ ပရိသတ်တွေကို မေးခွန်းထုတ်စရာတစ်ခုဖြစ်နေပါပြီ။ မကြာသေးမီက ကြိုးကျနိမ့်ဆင်းခဲ့တဲ့ တံတားပေါ်ဆွာချောင်းတံတားအတွက် ယာယီတံတားတစ်စင်းဆောက်လုပ်ပေးခဲ့ပြီး သွားလာရေးကို ပြန်လည်ခွင့်ပြုခဲ့တာတွေ့ရပါတယ်။  

အဆိုပါ ယာယီတံတားပေါ်တွင် မနေ့ညက ယာဉ်တိုက်မှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ ဖြစ်စဉ်မှာ "စက်တင်ဘာလ (၃၀)ရက် ည (၁၀:၂၀ ) ခန့်တွင် ရန်ကုန် -နေပြည်တော်လမ်း ဆွာချောင်း ယာယီတံတား အတက် တွင် ရှေ့မှသွားနေသော 3H/.....ဝင်းသစ္စာ Express ခရီးသည်တင်ယာဉ်သည် ရှေ့ယာဉ်တစ်စီး တက်သဖြင့် ရပ်တန့်စောင့်ဆိုင်းစဉ် နောက်မှမောင်းနှင်လာသော 9B/...... Caldina ယာဉ်မှ အရှိန်လွန်ကာ တိုက်မှုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားရာနေရာကို အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ဇီးပင်သာ စခန်း မှ တပ်ဖွဲ့ဝင်များမှ ယာဉ်ကြော ရှင်းလင်းရေး ဆောင်ရွက်ပေးခဲ့ပြီး ထိခိုက်ဆုံးရှုံးမှုများစွာရှိခဲ့ကြောင်း သိရပါတယ်။ ဆိုးရွားတဲ့ ယာဉ်တိုက်မှုဖြစ်စဉ်တွေထဲက တစ်ခုဖြစ်ခဲ့တဲ့ အဆိုပါ ယာဉ်တိုက်မှုပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Photos - မာံသု ခ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။