မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးကို မတ်လ (၁၈) ရက်နေ ့တွင် ပြည်သူ ့ရင်ပြင်တွင် ကျင်းပပြုလုပ်တော့မည်ဖြစ်သည်။ အကယ်ဒမီပေးပွဲသို ့တက်ရောက်မည့် အနုပညာရှင်များအနေဖြင့် မြန်မာလူမျိုးပီသစွာ ယဉ်ကျေးမှုနဲ ့ကိုက်ညီအောင် ပွဲတက်ရောက်ရမည်ဖြစ်ပြီး ရွှေတိဂုံဘုရားကြီးအရှေ ့တွင်လုပ်ဆောင်မည်

ဖြစ်သည့်အတွက် သရုပ်ပျက် ဝတ်စားဆင်ယင်မှုများကို လက်မခံဘဲ ဝတ်ဆင်လာပါက ခြုံပုဝါအုပ်ပစ်မည်ဟု ယခုနှစ် အကယ်ဒမီပွဲစီစဉ်သူ ကိုဂျွန်လွင်က ပြောသည်။

ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး

'' အဆန်းတကျယ် ဖြစ်အောင် လုပ်တာထက် ခေါက်ရိုးတွေ ကျိုးနေတဲ့ ပုဆိုးကို တတ်နိုင်သလောက် ပြန်ပြန့် အောင်မီးပူတိုက်ပေးတဲ့ သဘောပဲရှိတာပါ။ ဒါပေမယ့် ဒီတစ်နှစ်ထဲမှာတော့ အကုန်လုံးပြန့်သွားမယ်လို့ မ ထင်ဘူး ပေါ့နော်။ အကောင်းဆုံးတော့ ကျွန်တော် ကြိုးစားထားပါတယ်။ ဘာပြောင်းလဲ လာမ လည်းဆိုတာတော့ ကြည့် ကြည့်ရမှာပေါ့။ ထွေလျားရှည်ပြား မူတွေလျော့ သွားမယ်။ လိုတိုရှင်းလေး တွေဖြစ်လာမယ်။ ရွှေတိ ဂုံဘုရားကြီး ကို

အဓိကနောက်ခံထားပြီး လုပ်သွားမှာပါ။ စင်ဒီဇိုင်းကတော့ အဲလောက်မဟုတ်ဘူး။

ရွှေတိဂုံ ဘုရားကြီးကိုသာ အဓိက ထားမယ်။ ရွှေတိဂုံဘုရားကြီးကို အဓိကထားတဲ့အတွက်ကြောင့် ဒီပွဲကို တက် ရောက်လာတဲ့ အနုပညာ ရှင်အားလုံး

ယဉ်ကျေးမူနဲ့အညီ ဝတ်ဆင်လာရမယ်။ မဝတ်ဆင်လာရင် ကျွန်တော်တို့ ပြင်ဆင်ထားတဲ့ ပုဝါလိုမျိုး လုပ်ထားတယ်။ အဲဒီပုဝါကို ခြုံပေးမယ် ။ အဲဒီပုဝါကို

ခြုံပြီးပွဲတက်ရမယ်။ အကယ်ဒမီ လျှောက်လမ်းကိုလျှောက် ခါနီး ကြည့်လိုက်မယ်။ အဆင်မပြေရင် ရော့ဆို ပုဝါခြုံ ပစ်မယ်။ နောက်ပြီးဆံပင်ကြီးတွေ အထူးအဆန်းလုပ်လာ တာတွေ၊ ငှက်တောင်ပံကြီးတွေလို ပျံလာတာတွေ ကြွက်ခေါင်းကြီးလို တက်လာတာတွေ အဲ့ဒါတွေ လုံးဝလက်မ ခံဘူး။ ဘာဖြစ်လို့ လဲဆို ဘုရားအရှေ့မှာ လုပ်တာဖြစ်တဲ့ အတွက်ဖြစ်တယ်။ တက်ရောက်လာတဲ့ အနုပညာ ရှင် တွေကလည်း ဗမာလူမျိုး ဗမာ ဒီဇိုင်နာတွေနဲ့ ချုပ်တဲ့အတွက်

ဗမာသည် ဗမာဘယ်လိုနေကြသလည်း ဆို တာ သူတို့သိသင့်တယ်။ အဲလိုမျိုးတွေလည်း ချုပ်တတ်မယ်ထင်ပါတယ်။ ကျောကုန်းကြီးတွေ ပွင့် နေတာတို့

ရင်သား တစ်ဖက်ပေါ်နေတာတို့၊ ရင်သား တစ်ခြမ်းပေါ်နေတာတို့ ရုတ်တရက်လှမ်းကြည့်လိုက်ရင် ကိုယ်တုံးလုံး ချွတ်ပုံစံမျိုး အသားကပ်တွေနဲ့ ဝတ်လာရင်လည်း လုံးဝလက်မခံဘူး။ ရုပ်ရှင်အစည်း အရုံး ဦးလူမင်းကို တင်ပြ တယ်။ သူက လည်း လက်ခံတယ်။ ဘာဖြစ်လို့လဲဆို ကျွန်တော်တို့တွေသည် ယိုးဒယားမှာဘဲ ကြည့်ကြည့် ဘယ်မှာပဲ ကြည့်ကြည့် သူ့နိုင်ငံ သူ့ယဉ်ကျေးမူနဲ့ သူတို့ရိုးရာယဉ်ကျေးမူနဲ့ တက်လာတဲ့အခါမှာ သူတိုတွေသည် ယဉ်ယဉ် ကျေးကျေးပဲ တက်လာကြတာ။ မြန်မာတွေက အရမ်းသူထက်ငါ ပေါ်ပြူလာဖြစ်ချင်တဲ့ အထဲမှာ များပြီးတော့ လုပ်လာကြတာတွေ စတန့်ထွင်ကြတာတွေ အရမ်းများတယ်။ သူတို့တွေသည် နေရာဒေသနဲ့ အညီလိုက် လျော ညီထွေ ဝတ်လာကြမယ်လို့ ကျွန်တော်ထင်ပါတယ်'' လို့ ကိုဂျွန်လွင်က ပြောသည်။

Source: AKonThi

Hnin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။