သားအတွက် ကိတ်မုန့် ကိုင်တိုင်လုပ်ကျွေးချင်လို့ ကိတ်မုန့်ဖုတ်သင်တန်းတက်နေတာပါဆိုတဲ့ အကယ်ဒမီစိုးမြတ်နန္ဒာ

မြန်မာ့အနုပညာလောကရဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်သူ အကယ်စိုးမြတ်နန္ဒာဟာ သူ့ရဲ့တစ်ဦးတည်းသောသားဖြစ်သူ ချစ်သောမောင်အတွက် ကိတ်မုန့်လေးတွေ ကိုယ်တိုင်လုပ်ကျွေးချင်လို့ ကိတ်မုန့်ဖုတ်သင်တန်းတက်နေတယ်လို့ ဆိုပါတယ် ပရိသတ်ကြီးရေ………

"ဘဝမှာ ကိုယ်လုပ်ချင်တာတွေလုပ်ခွင့်ရနေတာ ဒီအချိန်တွေပါပဲ. ဒီ သင်တန်းကျောင်းလေးနံမည်ကြီးလို့ သွားတက်ဖြစ်ခဲ့တယ်.ပထမ တော့ သင်တန်းချိန် ၂ရက်နဲ့ ငါလုပ်နိုင်ပါ့မလားလို့ စိုးရိမ်ခဲ့တယ်..

ဒါပေမဲ့ ကျွန်မတို့ထက်အသက်ငယ်ပေမဲ့ တကယ့်ကို တော်တဲ့ အသင်အပြကောင်းတဲ့ Teacher Su ကြောင့် အဲ့ဒီ ၂ ရက်အတွင်း fondant cake နဲ့ ပတ်သတ်ပြီးပညာတွေအများကြီးရခဲ့ပါတယ်..ကျွန်မတို့ဆက်ကြိုးစားဖို့ပဲလိုတော့တယ်..

ကျွန်မ သားတော်မောင် ကြောင့် ဒီ fondant cake သင်ချင်တာပါ.သူ တအားသဘောကျတဲ့ cake ကို သူ့ အမေ လုပ်နိုင်တယ် ဆိုတာမျိုးလေး ကျွန်မလိုချင်တာပါ. နောက်ပြီး ကျွန်မချစ်ခင်ရသူတွေရဲ့ မွေးနေ့လေးတွေမှာလဲ ကျွန်မ ကိုယ်တိုင်လုပ်ပေးချင်တာလဲပါတယ်...

နောက်ထပ်လဲ Valentin သင်တန်းကျောင်းက မုန့်သင်တန်းတွေတက်ဖို့လဲ စာရင်းပေးထားပြီးပြီ?

စိတ်ဝင်စားတဲ့သူတွေကိုလဲ တက်ကြပါလို့ တိုက်တွန်းချင်ပါတယ်.ကိုယ့်အိမ်သားတွေ စားဖို့ , ကိုယ့်ကလေးတွေကျောင်းကို ထည့်ပေးဖို့ ကိုယ်တိုင်လုပ်တတ်တာ အကောင်းဆုံးပါပဲ..ပြီးတော့ သင်တန်းကျောင်းက Cake တွေက တကယ်ကို စားကောင်းတာပါ.( ကြော်ငြာခိုင်းလို့မဟုတ်ဘူးနော်. တက်ဖူးသူတွေကိုမေးကြည့်ပါလို့ )?

?Teacher Su ရယ်, လာကူညီပေးတဲ့ မနီလာ ရယ် ,သင်တန်းအတူတူတက်ခဲ့တဲ့သူတွေရယ် ,သင်တန်းကျောင်းကစိတ်အရမ်းရှည်ပြီးဝိုင်းကူပေးတဲ့ ညီမတွေ ရယ် ကို အထူးကျေးဇူးတင်ပါတယ်..?"

သူမကိုချစ်ကြတဲ့ ပရိသတ်တွေကြားမှာတော့ သားအတွက် အရမ်းဂရုစိုက်ပေးတာပဲ ဆိုပြီး ချီးကျူးစကားတွေပြောနေကြတာ တွေ့ရပါတယ်………

Source: Soe Myat Nandar

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။