ပြည်တွင်း အမြဲလိုလိုကြားနေရတဲ့ သတင်းတွေထဲမှာ ယာဉ်တိုက်မှုတွေကတော့ များစွာပါဝင်နေတာအားလုံးလည်း သိကြမယ်ထင်ပါတယ်။ ယာဉ်မောင်းသူများရဲ့ စည်းကမ်းမဲ့မောင်းနှင်မှုတွေနဲ့အတူ သဘာဝဘေးအန္တရယ်တွေကြောင့် တိမ်းမှောက်မှုပိုမိုများပြားနေပြီး သေကြေ ဒဏ်ရာရရှိမှုတွေကတော့ မရေမတွက်နိုင်အောင်များပြားလျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ ယာဉ်တိုက်မှုတွေထဲက အမြန်လမ်းမကြီးပေါ်တွင် ဖြစ်ပေါ်ခဲ့တဲ့ ယာဉ်တိုက်မှုဖြစ်စဉ်တွေကတော့ ပရိသတ်တွေကြား နာမည်ကျော်ကြားလျှက်ရှိတာတွေ့ရပါတယ်။ 

အောက်တိုဘာလ ၁ရက်နေ့ မနေ့ညက ဖြစ်ပေါ်ခဲ့တဲ့ ရန်ကုန်- မန္တလေးအမြန်လမ်းမပေါ်တွင်ဖြစ်ပေါ်ခဲ့တဲ့ ယာဉ်တိုက်မှုကတော့ ဒီနှစ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ အပြင်းထန်ဆုံးဖြစ်စဉ်တစ်ခုပဲဖြစ်တာတွေ့ရပါတယ်။ အဆိုပါဖြစ်စဉ်ကတော့ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင် ၂၂၉အနီးတွင် အောက်တိုဘာ ၁ရက် မနေ့ ည ၁၁နာရီခန့်က ခရီးသည်တင်ယာဉ်နှစ်စီး တိုက်မိခဲ့ပြီး ယနေ့နံနက် ၇နာရီအချိန်ထိ အနည်းဆုံး လူ ၁၄ဦး သေဆုံးပြီး ၄၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ 

ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၂၉ တွင် အရိန္ဒမာ ခရီးသည်တင်ယာဉ်က လေအိပ်ပေါက်လို့ ပြုပြင်ဖို့ ရပ်ထားတဲ့ ကျေးဇူးရှင် ဘုရားဖူးယာဉ်ကို ဝင်တိုက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ယာဉ်တိုက်မှုကြောင့် သေဆုံးသူများနှင့်အတူ ထိခိုက်ဒဏ်ရာရရှိသူများစွာရှိခဲ့ပြီး ဆိုးရွားလွန်းတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ခဲ့တဲ့ အဆိုပါ ယာဉ်တိုက်မှုပုံရိပ်များကို မျှဝေပေးလိုက်ပါတယ်။

Photos - မာံသု ခ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။