ချဲဆီးအသင်းရဲ့ နည်းပြ ကွန်တီက ဆွမ်ဆီးအသင်းနဲ့ ပွဲစဉ်အပြီးမှာတော့ နောက်ထပ် 29 မှတ်ရရှိခဲ့ပါက ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ပြီလို့ ပြောကြားလိုက်ပါတယ်။ အဲဒီပွဲစဉ်မှာ ချဲဆီးဟာ ဖာဘရီဂတ်၊ ပက်ဒရို၊ ကော်စတာတို့ရဲ့ ဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပြီး၊ အမှတ်ပေးဇယားမှာ စုစုပေါင်း 63 မှတ်နဲ့ ဆက်လက်ဦးဆောင်နေဆဲ ဖြစ်ပါတယ်။

သတင်းစာ ရှင်းလင်းပွဲမှာကွန်တီက " ဒီနေ့နိုင်တဲ့ပွဲက နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့သလိုပါပဲ၊ ပွဲကောင်း တစ်ပွဲဖြစ်သလို၊ ရလာဒ်ကောင်းတစ်ခုနဲ့လဲ အနိုင်ရခဲ့တာဖြစ်တယ်။ ဆွမ်ဆီးလို အသင်းမျိုးကို ရင်ဆိုင်ကစားရတာ မလွယ်ဘူး။ ဘာလို့လဲဆိုတော့ သူတို့ ရင်ဆိုင်ကစားခဲ့တဲ့ လီဗာပူး၊ မန်စီးတီးတို့နဲ့ ပွဲစဉ်က ခြေစွမ်းတွေကို ကျနော် သေချာ ကြည့်ထားခဲ့တာလေ။ ဒီကနေ့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကလဲ အနိုင်ရလာဒ်နဲ့ ထိုက်တန်ပါတယ်၊ အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့သလို၊ ပထမပိုင်းမှာကတည်းက ပွဲကို စိုးမိုးထားနိုင်ခဲ့တာပါ။

ဒုတိယနေရာက စီးတီးနဲ့ 11 မှတ်ကွာဟ နေပြီဆိုတဲ့ ပြောဆိုမှုတွေကတော့ မှန်ကန်မှု ရှိမယ် မထင်ပါဘူး။ ဘာလို့လဲဆိုတော့ အခြားအသင်းတွေကလဲ ကစားဖို့ ပွဲတွေ အများကြီး ကျန်နေသေးတာပဲလေ။ ပြောရရင်တော့ ကျနော့်အသင်းဟာ နောက်ထပ် 29 မှတ်သာ ရယူနိုင်ခဲ့မယ်ဆိုရင် ဆုဖလားကို ဆွတ်ခူးနိုင်လောက်ပါပြီ။ လက်ရှိ စွမ်းဆောင်ရည်တွေအတိုင်း ထိန်းထားနိုင်မယ်ဆိုရင်တော့ ရာသီအကုန်မှာ 29 မှတ်ထပ်ရယူနိုင်မယ်လို့ ယုံကြည်ထားပြီး၊ ပရီးမီးယားလိဂ် ဖလားကိုလဲ ဆွတ်ခူးနိုင်မှာပါ။ ဒါပေမယ့် လက်ကျန် 12 ပွဲကနေ 29 မှတ်ရဖို့ ဆိုတာမလွယ်ကူပါဘူး၊ ထပ်ပြောရရင် တစ်ဆင့်ချင်း ကြိုးစားပြီး ပန်းတိုင်ကို ရအောင်သွားရမှာပါ" လို့ ပြောဆိုသွားခဲ့ပါတယ်။

Ref: CFC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။