မိန်းကလေးပဲဖြစ်ဖြစ် ယျောၤလေးပဲဖြစ်ဖြစ် ဗောက်ကြောင့် စိတ်ညစ်ရတာပါပဲ ။ဗောက်ဟာ လူမှုပတ်ဝန်းကျင်မှာ အတော်လေးကသိကအောက်ဖြစ်စေပါတယ်။ လူကြားထဲမှာသွားရင်လည်းကုတ်ရပြန်ပြီး၊ တစ်ခေါင်းလုံးကုတ် ရင်လည်း ပွထလာပြီး အဖြူဖတ်တွေနဲ့ ကြည့်ရဆိုးစေတာတော့ အမှန်ပါပဲ။ခေါင်းပုံမှန်လျော်ပေမဲ့လည်း အမြဲ တမ်းဗောက်တွေက ထပြီးယားနေတယ်ဆိုရင်တော့ ဒါဟာပုံမှန်မဟုတ်ပဲ ဘက်တီးရီးယားတွေ ကြောင့်ဗောက်ထ ပြီးယားနေတာဖြစ်ပါတယ်။ 

စိတ်မညစ်ပါနဲ့ လုံးဝဗောက်စေရမယ် ဗောက်တွေကို တာတာသာပြလိုက်ပါတော့။ နည်းလမ်းလေးကတော့ ရဲယို ရွက်မနုမရင့် ကြီးကြီး (၅)ရွက် ကိုအရည်ညှစ် ရလာတဲ့အရည်ကို ဆံပင်အရင်းကနေ ဦးရေပြားထဲစွဲအောင် ပွတ် ပေးပါ။မျက်နှာသစ်ပုဝါ ထူထူနဲ့ အနည်းဆုံး(၁)နာရီလောက် ပေါင်းပေးထားရပါမယ်၊ ပြီးရင် ခေါင်းကို ရေနဲ့ပဲ လျှော်ပေးပါ။ ဘာခေါင်းလျှော်ရည်မှ မသုံးပါနဲ့။ တစ်ပတ်ကို တစ်ကြိမ်၊ (၃)ပတ်ဆက်တိုက်လုပ်ရပါမယ်၊  

သိသိသာသာ ထူးခြားလာပါလိမ့်မယ်။ကဲဒီလောက်ဆိုရင် ဗောက်ပျောက်တဲ့ နည်းလမ်းလေးကိုသိပြီမို့ ငွေကုန်ကျလည်း မများဘူး။အလွယ်တကူလည်း ရှာရလွယ်ကူတယ်။ ဒါကြောင့် ဒီနည်းလမ်းလေးကို အသုံးပြု ရင်းဗောက်တွေ ပျောက်ကင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။ 

Source: Jolly

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။