မြန်မာပြည်အတွင်း တစ်လတခါရွေးချယ်ပေးလေ့ရှိတဲ့ မြန်မာ့အောင်ဘာလေထီကိုတော့ ဆင်းရဲချမ်းသာမရွေး လူမျိုးပေါင်းစုံ ပါဝင်ကံစမ်းလေ့ရှိတာတွေ့ရပါတယ်။ အဆိုကံစမ်းသူတွေထဲမှာ သိန်းတစ်သောင်းကံထူးရှင်များနှင့်အတူ အခြားသူဌေးသူကြွယ်များကို ကံစမ်းရွေးချယ်ပေးလေ့ရှိတာတွေ့ရပါတယ်။ မနေ့က အောက်တိုဘာလတစ်ရက်နေ့မှာလည်း ၁၉ ကြိမ်မြောက်သိန်းတစ်သောင်း ကံထူးရှင်ကတော့ ထွက်ပေါ်လာခဲ့ပါပြီ။  

အဆိုပါ ကံထူးရှင်ကတော့ ရန်ကုန်မြို့နေ့ မိသားစုတစ်စုဖြစ်ပြီး မကေသီခိုင်အမည်ရသူက ကံထူးခဲ့တာဖြစ်ကြောင်း သိရပါတယ်။ သာမာရှုံးဝန်ထမ်းတစ်ယောက်ဖြစ်ပြီး ပြည့်စုံလွန်းတဲ့မိသားစုတစ်စုဖြစ်တာတွေ့ရပါတယ်။ အဆိုပါ သိန်းတစ်သောင်းကံထူးရှင် မကေသီခိုင်မိသားစုလေးကတော့ ထီထိုးခြင်းကို တစ်နှစ်နီးပါး လစဉ်ထိုးနေသူတစ်ယောက်ဖြစ်ပြီး ကံဉာဏ်ပေါင်းစပ်ထိုးဖြစ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။  

အဆိုပါ ထိပေါက်မှုကြောင့် မိသားစုသတိလစ်မတက် ပျော်ရွှင်ခဲ့ရကြောင်းနှင့်အတူ ထီပေါက်ဆုများကိုလည်း အလှူအတန်းတွေများစွာပြုလုပ်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့တာတွေ့ရပါတယ်။ ကြည်နူးဝမ်းသားစရာ သိန်းတစ်သောင်းကံထူးရှင်အဖြစ် ထွက်ပေါ်လာတဲ့ မြောက်ဒဂုံနေ မကေသီခိုင်မိသားစုပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။ ပရိသတ်တွေလည်း လစဉ်ထွက်ပေါ်နေတဲ့ သိန်းဆုကံထူးရှင်တွေမှာ ပါဝင်နိုင်ရန်ဆုတောင်းပေးလိုက်ပါတယ်နော်။

Photos - Linn Khaing 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။