မိန်းကလေးတစ်ဦးဟာ ပုံမှန်အဖြူဆင်းရင် ဘာမှမသိသာပေမဲ့ ရောဂါကြောင့် အဖြူဆင်းရင်းတော့ ခံစားရတဲ့ လက္ခဏာတွေ ရှိတတ်ကြပါတယ်။ဒီအထဲမှာမှ ဗက်တီးရီးယားကြောင် ဖြစ်တဲ့ သားအိမ်ခေါင်းကင်ဆာ ၊ လိင်အင်္ဂါကြွက်နို့၊ ဂနိုရောဂါ ၊ HPV ကူးစက်ရောဂါ၊ တင်ပါးဆုံရိုးကွင်းရောင်ရမ်းရောဂါ ၊လိင်မှတစ်ဆင့် ကူးစက် တတ်တဲ့ရောဂါ မအဂါၤကင်ဆာရောဂါ၊ မအင်္ဂါရာင်ရမ်းခြင်း၊ ကလာမိုင်းဒီးယားပိုး ရောဂါစသည်ဖြင့် အမျိုးမျိုးရှိ ကြပါတယ်။ 

ဗက်တီးရီးယားပိုးဝင်အဖြူဆင်း ရောဂါဟာ လိင်ဆက်ဆံဖော်များတဲ့အခါ ဖြစ်တတ်ပြီး မီးခိုးရောင် အဖြူရောင်အရည်ကျဲကျဲ အနံ့ကတော့ ညှီစို့စို့ အနံ့ ရှိပါတယ်။ပရိုတိုဇိုးဝါးပိုးဝင်ရောက်ခြင်းကတော့ လိင်ဆင် ဆံ ဖော်မှတစ်ဆင့် ကူးစက်ပြီး အစိမ်းရောင်၊အဝါရောင်၊ အရည်များဆင်းပြီး အနံ့ဆိုးခြင်း၊ မိန်းမကိုယ်ရောင်ရမ်းခြင်း၊ ဆီးမကြာခဏသွားခြင်း၊ ယားယံခြင်း တွေဖြစ်တတ်ပါတယ်။နောက်တစ်မျိုးကတော့ Yeast Infections အမျိုးအစားကတော့ စိတ်ဖိစီးမှုများနေခြင်း၊ ပဋိသန္ဓေတားဆေးတွေ အလွန်အကျွံသောက်ခြင်း၊ ဆီးချိုရောဂါ တို့ကြောင့် ဖြစ်တတ်ပြီး အဖြူဆင်းတာများပြီး အဖြူဖတ် လိုမျိုးဆင်းခြင်း၊ ယားယံခြင်း၊ ပူစပ်ခြင်း၊ တို့ခံစားရတတ်ပါတယ်။

ဘာပဲဖြစ်ဖြစ် မှုမမှန်တော့ဘူးဆိုရင် ဆရာဝန်နဲ့ ပြသတာအကောင်းဆုံးပါပဲ ။ အနေထိုင်ဆင်ခြင် ပြီးကျန်းမာရေး ကိုဂရုစိုက်ပေးရင် အာလုံးအတွက် ကျန်းမာတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်နိုင်ကြမှာဖြစ်ပါတယ်။ 

Source: Jolly

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။