တွ့တာရင်ထဲမကောင်းလိုက်တာ

ဘဝတလျောက်လုံး မိသားစုတစ်ခုအတွက်

ပေးဆပ်လုပ်ကိုင်ခဲ့ရပြီး အိုမင်းမစွမ်းဖြစ်လာချိန်တွင်

အရုပ်လေးတစ်ရုပ်ကိုအဖော်ပြုကာ

အိမ်နောက်ဖေးအဆောင်လေးတစ်ခုအတွင်း

နေထိုင်နေခဲ့ရသော အသက်၈ရနှစ်အရွယ်

အဘွားဒေါ်တင်တင်....သူမကိုတာဝန်မယူနိုင်တော့ဟုဆိုကာ ဆည်းဆာရိပ်သို့အပ်နှံတော့လည်း တသက်လုံးသူများစိတ်နှင့်ကိုယ့်ကိုယ်နေခဲ့ရသောအဘွားက

ကြည်ကြည်ဖြူဖြူလက်ခံခဲ့သည်။ ဆည်းဆာရိပ်မှ

လာရောက်ခေါ်ယူသူများကို အဘွားကအလုပ်တော့မလုပ်နိုင်တော့ဘူးနော်ဟုပြောနေသဖြင့်

အလုပ်လုပ်ရန်မဟုတ်ဘဲ အပြုစုခံဘဝနှင့်သာနေရမည်ဖြစ်ကြောင်း နားလည်အောင်ရှင်းပြရသေးသည်။ သူမ၏အဖော် ကလေးလေးကိုခေါ်လာလို့ရမလား၊

သူကထမင်းမစားပါဘူး၊

အမြဲတမ်းပြုံးနေတာပါဆိုပြီးမေးလို့ ခေါ်လို့ရပါတယ်ဆိုသည့်အခါ အဘွားမှာသူမ၏အရုပ်ကလေးကိုယူကာ ဝမ်းသာအားရစွာဖြင့် ဆည်းဆာရိပ်သို့

လိုက်ပါလာခဲ့ပါတော့သည်။

photo cardit ဆည်းဆာဘိုးဘွာရိပ်သာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။