ပြည်တွင်း အမြဲလိုလိုကြားနေရတဲ့ သတင်းတွေထဲမှာ ယာဉ်တိုက်မှုတွေကတော့ များစွာပါဝင်နေတာအားလုံးလည်း သိကြမယ်ထင်ပါတယ်။ ယာဉ်မောင်းသူများရဲ့ စည်းကမ်းမဲ့မောင်းနှင်မှုတွေနဲ့အတူ သဘာဝဘေးအန္တရယ်တွေကြောင့် တိမ်းမှောက်မှုပိုမိုများပြားနေပြီး သေကြေ ဒဏ်ရာရရှိမှုတွေကတော့ မရေမတွက်နိုင်အောင်များပြားလျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ ယာဉ်တိုက်မှုတွေထဲက အမြန်လမ်းမကြီးပေါ်တွင် ဖြစ်ပေါ်ခဲ့တဲ့ ယာဉ်တိုက်မှုဖြစ်စဉ်တွေကတော့ ပရိသတ်တွေကြား နာမည်ကျော်ကြားလျှက်ရှိတာတွေ့ရပါတယ်။  

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်တွေထဲမှာ ရှားပါးတဲ့ လူနာယာဉ်တိုက်မှုတစ်ခုကတော့ ဒီကနေ့မှာဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ ဖြစ်စဉ်မှာ အောက်တိုဘာလ (၃)ရက် ဒီကနေ့ နေ့လည် ၁နာရီ ၁၅မိနစ်အချိန် နေပြည်တော်-မန္တလေးလမ်း ၃၄၀/၃- ၃၄၀/၄ မိုင်တိုင်ကြားတွင် ယာဉ်မောင်းမင်းမင်းသန်း မြင်းခြံမြို့နေသူ မောင်းသည့် "အဖြူရောင်လက်များ"ပရဟိတအသင်းပိုင်ကားဖြစ်သည့် ALPHARD အဖြူရောင်ယာဉ်သည် သွေးလွန် တုတ်ကွေးဖြစ်နေသော ကလေးငယ်အား မန္တလေးသို့ ပို့ဆောင်ကုသရန် အလာ အရှိန်မထိန်းနိုင်ဘဲ လမ်းအလယ်ကျွန်းပေါ်သို့ ကျော်တက်ရောက်ရှိတိမ်းမှောက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းအပါဝင် လိုက်ပါလာသူ ကျား(၃)ဦး မ(၅)ဦးတွင် မ (လူကြီး)၃ဦး မ(ကလေးငယ်)၁ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရပါတယ်။  

လူနာ နှင့်တကွ ဒဏ်ရာရရှိသူများအား ဆေးရုံအမြန်ရောက်ရှိစေရေး အမြန်လမ်း မကြီး ရဲတပ်ဖွဲ့ စကားအင်းစခန်းတပ်ဖွဲ့ဝင်များမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။ ဆိုးဝါးနေတဲ့ ရာသီဥတုကြား ယာဉ်မောင်းညီအကိုများ ထိန်းသိမ်းမောင်းနှင့်နိုင်ရန် ဒီကနေ့ယာဉ်တိမ်းမှောက်မှုပုံရိပ်များနှင့်တကွမျှဝေပေးလိုက်ပါတယ်။

သတင်းဓါတ်ပုံ - အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှုးရုံး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။