လုံလုံခြုံခြုံ ဝတ်စားပြီး အကယ်ဒမီ ပေးပွဲကို တက်ဖို့ ဂျွန်လွင် ကဆို

၂၀၁၆ခုနှစ် အကယ်ဒမီ ပေးပွဲအခမ်းအနားကို ဂျွန်လွင်က တာဝန်ယူစီစဉ်သွားမှာ ဖြစ်ပြီး အကယ်ဒမီပေးပွဲကို တက်ရောက်မယ့် အနုပညာအနေနဲ့ လုံလုံခြုံခြုံ ဝတ်စားလာခဲ့ဖို့ကိုလည်း ဂျွန်လွင် က ပြောလိုက်ပါတယ်။ ရွှေတိဂုံဘုရားကြီးကို နောက်ခံထားကာ ပြုလုပ်သွားမှာ ဖြစ်တဲ့အတွက် မြန်မာ့ယဉ်ကျေးမှုနဲ့ ကိုက်ညီမယ့် ဝတ်စားဆင်ယင်မှုများနဲ့သာ ပွဲကို တက်ရောက်ဖို့လည်း သူက ပြောထားပါတယ်။

အဲ့လိုမဝတ်လာတဲ့ အနုပညာရှင်တွေအတွက် ဂျွန်လွင်ကိုယ်တိုင်က ပုဝါလေးတွေ ခြုံပေးသွားမယ်လို့ အကုန်သိ သတင်းဌာနကို ဖြေဆိုထားတာတွေ့ရပါတယ်။ အကယ်ဒမီပွဲကို တက်ရောက်လာတဲ့ အနုပညာရှင်တွေကို လျှောက်လှမ်းအတိုင်း ကြည့်နေမှာ ဖြစ်ပြီး အဆင်မပြေတဲ့ ဝတ်စားဆင်ယင်မှုတွေလုပ်လာရင်တော့ အသင့်ထားရှိတဲ့ ခြုံပုဝါတွေနဲ့ ခြုံရမယ်လို့ အဲ့ဒီမှာ ဖော်ပြထားပါတယ်။ ဒါဟာလည်း သူ့အနေနဲ့ အဆန်းတကျယ် ဖြစ်အောင်လုပ်တာမျိုး မဟုတ်ဘဲ ခေါက်ရိုးတွေ ကျိုးနေတဲ့ ပုဆိုးကို တက်နိုင်သလောက် ပြန့်သွားအောင် မီးပူတိုက်ပေးတဲ့ သဘောပဲ ရှိတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ အစီအစဉ်တွေကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ လူမင်းဆီသို့ တင်ပြထားပြီး ဖြစ်သလို ဥက္ကဌကိုယ်တိုင်ကလည်း လက်ခံထားတယ်လို့ သိရပါတယ်။

“ဘာဖြစ်လို့လဲဆို ကျွန်တော်တို့တွေသည် ယိုးဒယားမှာဘဲ ကြည့်ကြည့် ဘယ်မှာပဲ ကြည့်ကြည့် သူ့နိုင်ငံ သူ့ယဉ်ကျေးမူနဲ့ သူတို့ရိုးရာယဉ်ကျေးမူနဲ့ တက်လာတဲ့အခါမှာ သူတိုတွေသည် ယဉ်ယဉ် ကျေးကျေးပဲ တက်လာကြတာ။ မြန်မာတွေက အရမ်းသူထက်ငါ ပေါ်ပြူလာဖြစ်ချင်တဲ့ အထဲမှာ များပြီးတော့ လုပ်လာကြတာတွေ စတန့်ထွင်ကြတာတွေ အရမ်းများတယ်။ သူတို့တွေသည့် နေရာဒေသံနဲ့ အညီလိုက် လျော ညီထွေ ဝတ်လာကြမယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ ဂျွန်လွင်က အကုန်သိ သတင်းဌာနမှာ ဖြေဆိုပေးထားပါတယ်။

မတ်လ(၁၈)ရက်နေ့မှ ကျင်းပမယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် အခမ်းအနားအပြင်ကို Stars & Model Agency က တာဝန်ယူသွားမှာဖြစ်ပြီး ခမ်းခမ်းနားနားနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်သွားမယ်လို့ သိရပါတယ်။ စင်အပြင်အဆင် ထက်ရွှေတိ ဂုံဘုရားကြီးကို အဓိကထားပြီး လုပ်သွားမှာ ဖြစ်တာကြောင့် ယခုလို ယဉ်ကျေးမှုနဲ့ ကို်က်ညီတဲ့ဝတ်စားဆင်ယင်မှုတွေ လုပ်လာဖို့ မေတ္တာရပ်ခံနေခြင်းလည်း ဖြစ်တယ်လို့ သိရပါတယ်။

Photo : ဂျွန်လွင်ဖေ့စ်ဘွတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။