မြန်မာကိုယ်စားပြုအလှမယ် ရွှေအိမ်စည် ကတော့ သူမရဲ့ အချစ်ရေးကို အဆုံးသတ်လိုက်ပြီလို့ ပရိတ်သတ်ကို အသိပေးလာပါတယ် ။ ပြည်သူ့အချစ်တော် အလှမယ်လေး ရွှေအိမ်စည်က ချောမောတဲ့အပြင် ထက်မြက်တဲ့အရည်အချင်းရှိသူလို့ ပရိတ်သတ်အများက လက်ခံထားကြပါတယ် ။ မြန်မာနိုင်ငံအရေးနဲ့ပါတ်သတ်ပြီးတော့လည်း တက်တက်ကြွကြွပါ၀င်တတ်တဲ့ သူမလေးက လက်ရှိမှာတော့ Miss Golden Land Myanmar 2018 Title ဆုကို ပိုင်ဆိုင်ထားပြီး ပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေပြုလုပ်နေပါတယ် ။

အချစ်ရေးနဲ့ ပါတ်သတ်ပြီး အေးဆေးနေခဲ့တဲ့ အလှမယ်လေးကတော့ ဒီနေ့မှာ ပရိတ်သတ်တွေကို ဒီလို တရားဝင်ဖွင့်ပြောခဲ့တာပါ ။ 

" အားလုံးကို အိမ်စည်ပြောစရာတစ်ခုရှိတယ်

အိမ်စည် နှစ်နှစ်ခွဲကျော်ကျော်အထိ အတိုင်းအတာတစ်ခုကို သည်းခံပီးသွားပီ. ဒီနေ့ဒီချိန်အထိလဲ ကိုယ့်ခြေထောက်ပေါ်ကိုရပ်ပြီး ဒီနေရာအထိရောက်အောင် စိတ်ရောလူရောနှစ်အစွမ်းကုန် အိမ်စည်ကြိုးစားခဲ့တယ်. ဒါပေမဲ့ relationship တစ်ခုမှာ နားလည်မှုဆိုတာလိုအပ်တယ်. ညှိနှိုင်းလို့မရတော့တဲ့ အခြေအနေတစ်ခုမှာ ပြတ်သားတဲ့ decision ကိုချဖို့လိုအပ်တယ်. အခုချိန်ဟာအိမ်စည်အတွက်တကယ့်ကိုအရမ်းအရေးကြီးတဲ့အချိန်ပါ ပြိုင်ပွဲအတွက်အများကြီးကြိုးစားပြင်ဆင်နေရတဲ့အပြင် အိမ်စည်အတွက်အခြားဖိအားတွေများနေတဲ့အတွက် တခြားစိတ်အနှောက်အရှက်ဖြစ်စေမဲ့ အရာတွေအတွက် အိမ်စည်အချိန်မရှိဘူး.

အိမ်စည်နားလည်ပါတယ် လူတွေဆိုတာ အချိန်တန်ရင်ပြောင်းလဲလာတတ်ပါတယ် အဲ့တော့ လက်ရှိအခြေအနေကိုကြည့်ပီးဆုံးဖြတ်ရမှာပဲ. ဒါပေမဲ့နှစ်ယောက်လုံးစိတ်ဆင်းရဲရမယ့်အတူတူ အိမ်စည်တို့ Relationship ကို ဒီမှာပဲအဆုံးသတ်လိုက်ပါပြီ " လို့ သူမက ဆိုပါတယ် ။

ဘယ်လိုပဲဖြစ်ဖြစ် ရွှေအိမ်စည်ဟာ ရွှေအိမ်စည်ပဲမို့ အားပေးကြတဲ့ ပရိတ်သတ်တွေကတော့ အားပေးမြဲ အားပေးနေမှာပါပဲ ။ ပြိုင်ပွဲအတွက် စိတ်နှစ်ကြိုးစားနေတဲ့သူမလေးကို အချစ်တွေတောင် ပိုလာကြပါတယ်တဲ့ ။ စင်မြင့်ထက်မှာ Talent အပြည့် ဆွဲဆောင်မှုအပြည့်နဲ့ နိုင်ငံဂုဏ်ဆောင်ဖို့ ကြိုးစားနေတဲ့ သူမကို အားပေးကြမှာလား ပရိတ်သတ်တို့ရေ ... 

သတင်းအရင်းမြစ် Shwe Eain Si

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။