ကွေးသောလက် မဆန့်မှီ ဆန့်သောလက်မကွေးမှီဆိုသလိုပါပဲ ။ ၃ ရက်နေ့ ည သန်းခေါင် ၀န်းကျင် က ထွက်ပေါ်လာတဲ့ သတင်းတစ်ခုုကို ကြားသိရတဲ့လူတွေ အကုန် အံ့သြကြီးစွာနဲ့ ၀မ်းနည်းစိတ်ထိခိုက်ခဲ့ရပါတယ် ။ အဲဒါကတော့ ရုပ်ရှင်သရုပ်ဆောင် နေတိုးရဲ့ ညီဖြစ်တဲ့ ရုပ်ရှင်မင်းသားအဆိုတော် မင်းသွေး ရုတ်တရတ် ဆုံးပါးသွားတဲ့ သတင်းပါ ။ အပျော်တမ်း ဘောလုံးကန်ရင်း နားချိန်မှာ နှလုံးရပ်ဆုံးပါးသွားခဲ့တာဖြစ်ပြီး ငါးမိနစ်အတွင်း ဆေးရုံပို့ခဲ့ပေမယ့် မမှီခဲ့ဘူးလို့ ဆုံးပါးချိန်အနားမှာ အတူရှိနေတဲ့ Presenter ကောင်းထက်ဇော်က ပြောခဲ့ပါတယ် ။ 

ဒီလို အလွန်မြန်ဆန်လှတဲ့ ခွဲခွါသွားမှုအတွက် မိသားစု မိတ်ဆွေ အသိုင်းအဝိုင်းတွေ အပြင် ပရိတ်သတ်တွေအတွက်ပါ Shock ရစေခဲ့ပါတယ် ။ ဒီသတင်းကို ကြားသိရတဲ့ အနုပညာရပ်ဝန်းက မောင်နှမတွေကလည်း မင်းသွေးအတွက် ယူကြံုးမရဝမ်းနည်းမှုတွေနဲ့ အတူ လူမှုကွန်ယက်မှာ Black Profile တွေ ဆင်တူချိန်းနေခဲ့ကြပြီး ၀မ်းနည်းကြောင်း စကားတွေလည်း ရေးသားခဲ့ကြပါတယ် ။ 

မင်းသွေးက မကြာသေးခင်ကမှ စင်ကာပူခရီးစဉ်က ပြန်လည်ရောက်ရှိလာတာဖြစ်ပြီး မဆုံးပါးခင်နာရီပိုင်းအလိုမှာတင် လူမှုကွန်ယက်မှာ ပုံလေးတင်သွားခဲ့ပါသေးတယ် ။ ကွယ်လွန်ချိန်မှာတော့ ထွက်ရှိဖို့ စီစဉ်နေဆဲ သီချင်းတွေ နဲ့ အခြားအနုပညာအလုပ်တွေ ကျန်ရှိနေခဲ့ပါတယ် ။ နေတိုး နဲ့ မင်းသွေး တို့ညီအကိုနှစ်ယောက်စလုံးက ပြည်သူချစ် အနုပညာရှင်တွေ ဖြစ်ကြတာမို့ အနုပညာရှင်မိသားစုထဲက ကြယ်တစ်ပွင့် ကြွေလွင့်သွားသလိုပါပဲ ။ Rest In Peace ပါ ကိုမင်းသွေးရေ ... 

သတင်းအရင်းမြစ် ၤFacebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။