ပြည်တွင်းမိုးရွာသွန်းမှုကြောင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင်အခြားမြို့ကြီးများစွာမှာလည်း ရေကြီးမှုတွေခံစားနေကြရတာတွေ့ရပါတယ်။ အဆိုပါရေကြီးမှုတွေကတော့ သဘာဝမိုးရွာသွန်းမှုကြောင့်အပြင် အခြားဘေးဒုက္ခတွေကြောင့်လည်း နစ်မြှပ်ခဲ့ကြတာတွေ့ရပါတယ်။ သဘာဝမိုးရွာသွန်းမှုကြောင့် နစ်မြှပ်ခဲ့တဲ့ဒေသတွေထဲမှာ ကယားပြည်နယ်လည်း ပါဝင်ခဲ့တာတွေ့ရပါတယ်။  

မနေ့က အောက်တိုဘာလ ၃ ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့ပေါ် ရပ်ကွက်အတော်တော်များများတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများစွာ ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ ရေကြီးမှုကြောင့် နောင်ယားကန်က တံတားမှာလည်း ရေကျော်နစ်မြုပ်ခဲ့ပြီး လူနေအိမ်ခြေတချို့လည်း ပျက်စီးမှုတွေရှိခဲ့ပါတယ်။ အခုလိုရေကြီးတာဟာ မိုးကြောင့်ဖြစ်သလို ဘီလူးချောင်းရေလည်းတက်လာတဲ့အတွက် အခုလိုရပ်ကွက်တွေအထိ ရေလျှံမှုတွေဖြစ်တာလို့ ဒေသခံတဦးက ပြောပြခဲ့ပါတယ်။ 

“ရေကြီးတာက မိုးတအားများလို့လေ။ ရေကြီးတာက ပိုးဇာခြံတို့၊ အဝေးပြေးဘက်၊ လေယာဉ်ကွင်းအောက်ဘက်တွေမှာ ရေလျှံတယ်။ ဘီလူးချောင်းလည်း ရေတက်တယ်။ မိုးဆက်ရွာရင်တော့ ရေထပ်ကြီးဖို့ပဲ ရှိတယ်။”အလားတူ ဒီးမော့ဆိုမြို့နယ်မှာတော့ မြို့ပေါ် ရေမကြီးပေမယ့် မြို့နယ်အတွင်းရှိ ဘုရားဖြူ ကျေးရွာမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေကြောင်း သိရပါတယ်။ ဒါ့အပြင် ဆင်တောင်ကျေးရွာအုပ်စု ဝီးသဲကူးတောင် မြောက်ကျေးရွာကွင်းအမှတ် ၈၅ မှာ စိုက်ပျိုးထားသော စပါး ဧက ၅ဝလောက် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နှစ်မြုပ်နေတယ်လို့ ဒေသခံရွာသားတွေက ပြောပြခဲ့ပါတယ်။ မိုးရာသီကုန်ဆုံးလုနီးဖြစ်နေပေမယ့်လည်း ဆိုးရွားတဲ့ မိုးရွာသွန်းမှုတွေကြောင့် နှစ်မြုပ်နေတယ်လို့ ဒေသခံရွာသားတွေက ပြောပြခဲ့ပါတယ်။

Source - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။