နှုတ်ခမ်းသားမဲခြင်း/ ညိုခြင်းက လူလတ်ပိုင်းအရွယ်မှ စပြီး လူကြီးပိုင်း အသက်အရွယ်အထိ ခံစားကြရပါတယ်။ ယောင်္ကျားလေး အများစုကတော့ ဆေးလိပ်သောက်ခြင်းကြောင့် နှုတ်ခမ်းသားမဲခြင်းကို ခံစားရလေ့ ရှိကြပြီး မိန်းကလေးအများစုကတော့ နှုတ်ခမ်းဆိုးဆေးတွေကြောင့် မဲလေ့ ရှိကြပါတယ်။ အခြားသော ရောဂါ ဝေဒနာများကြောင့်လည်း နှုတ်ခမ်းမဲခြင်းကို ခံစားရနိုင်ပါတယ်။ ဘယ်လိုအကြောင်းမျိုးကြောင့်ဖြစ်စေ နှုတ်ခမ်းသား ညို/ မဲခြင်းကို အမြန်ဆုံးနည်းနဲ့ သက်သာစေဖို့ နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

သံပရိုရည် အသုံးပြုနည်း

လတ်ဆတ်သော သံပယိုသီးကို အရည်ညှစ်ပါ။ ထိုအရည်ကို နှုတ်ခမ်းသားပေါ် လိမ်းပေးပြီး မိနစ်အနည်းငယ်ကြာ နှိပ်နယ်ပေးပြီး နာရီဝက်ခန့် ထားပြီးနောက် ရေအေးနဲ့ ဆေးပေးပါ။ တစ်ပတ်လျှင် သုံးကြိမ်လုပ်ပေးနိုင်ပါတယ်။

သံပရိုသီးနဲ့သကြားကို အသုံးပြုနည်း

သံပုယိုသီးကို အကွင်းတစ်ကွင်းလှီးလိုက်ပြီး သကြားဖြူးပေးပြီးနောက် နှုတ်ခမ်းပေါ်မှာ မိနစ်အနည်းငယ်ထားပါ။ ထို့နောက် ဖြည်းဖြည်းချင်း နှိပ်ပေးပြီးရင် ၁၅ မိနစ်ခန့် ကြာပြီးတဲ့အခါမှာ ရေနဲ့ဆေးပေးနိုင်ပါတယ်။ တစ်ပတ်လျှင် သုံးကြိမ်လုပ်ပေးနိုင်ပါတယ်။

သံပရိုသီးနဲ့ဒိန်ချဉ်ကို အသုံးပြုနည်း

သံပရိုရည်နဲ့ဒိန်ချဉ်တို့ကို တူညီတဲ့ ပမာဏအတိုင်း ပန်းကန်ထဲထည့်ပြီး ရောမွှေပေးပါ။ ထို့နောက် နှုတ်ခမ်းပေါ်လိမ်းပေးပြီး မိနစ် ၂၀ ကြာအောင် ထားပါ။ ပြီးလျှင်တော့ ရေအေးနဲ့ဆေးကြောပေးပါ။ တနေ့တစ်ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။

သံပရိုသီးနဲ့သခွားသီးကို အသုံးပြုနည်း

သံပရိုရည်နဲ့သခွားသီးအရည်တို့ကို ပမာဏတူညီစွာ ရေစပ်ပြီး နှုတ်ခမ်းပေါ်မှာ ငါးမိနစ်ကြာပွတ်ပေးပါ။ မိနစ် ၂၀ ကြာပြီးရင်တော့ ရေနှင့်ဆေးချနိုင်ပါတယ်။ တနေ့လျှင်သုံးကြိမ် ထပ်ခါထပ်ခါ လုပ်ပေးပါ။

ဖော်ပြပါ နည်းလမ်းများ အားလုံးက လွယ်ကူမြန်ဆန်ပြီး ထိရောက်လွန်းတာမို့ စမ်းသပ်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။ အားလုံးပဲ လှပချောမွေ့သော နှုတ်ခမ်းသားလေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

Source: Lime for lip (home remedies – YouTube) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။