26-2-2017ရက်နေ့ နံနက်(5)နာရီအချိန့်ခန့် တောင်းကြီးမြို့ဘက်မှ ဟဲဟိုးလမ်းမ၌ မူးယစ်ဆေးဝါးသတင်းအရ တောင်ကြီးမှ မူးယစ်တပ်ဖွဲ့ (25) တောင်ကြီး ဦးစီးအဖွဲ့ ဒုရဲမှူး လှထွန်းဦးဆောင်၍ ပြည်ထောင်စုလမ်းမကြီး မိုင်တိုင််အမှတ်(98)တွင် စစ်ဆေးဆောင်ရွက်နေစဉ်

တောင်ကြီးမြို့နေသူလိုက်ပါလာသည့် IF- ------ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်နောက်ခန်းတွင် ရွှေကြက်ဖက် တံဆိပ်ပါ ဆာလာအိတ်အတွင်း၌ အဝါရောင်တိပ် ပတ်လျက်

မှိုင်းခံစက္ကူဖြင့် ထုတ်ထားသည့် WY ပန်းရောင်စိတ်ကြွဆေးပြား 6050000ပြားခန့်မှန်းကာလတန်ဖိုး ငွေကျပ်(60500)သိန်းကျပ်ခန့် ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ထိုနောက် ဖမ်းဆီးရမိခြင်းနှင့်ပါတ်သတ်ပြီး ဟဲဟိုမြို့မရဲစခန်းအား ဆက်သွယ်မေးမြန်းခဲ့စဉ် မူးယစ်ဆေးပြားဖမ်းဆီးရမိခြင်းအား အတည်ပြုဖြေကြားပြီး ဟဲဟိုးရဲစခန်းတွင် မူးယစ်(ပ)၂/၂၀၁၇ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း အတည်ပြု ဖြေကြားသည်။

ဓါတ်ပုံ-ချယ်ရီမြေမှပန်းပိတောက်

သတင်း- တံမြက်စည်း(MCRA),ချယ်ရီမြေမှပန်းပိတောက်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။