အစားအသောက် မဆင်ခြင်လို့ပဲဖြစ်ဖြစ်၊ အနေအထိုင်ကြောင့်ပဲဖြစ်ဖြစ် ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း တော်တော်များများမှာ အဆီတွေ စုနေတတ်ကြပါတယ်။ အထူးသဖြင့်တော့ ယောက်ျားလေးရော မိန်းကလေးရော အများစုက ဝမ်းဗိုက်မှာ အဆီတွေ စုနေပြီး စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်ပေါ်က အဆီတွေကို ရာသက်ပန် နှုတ်ဆက်နိုင်ဖို့အတွက် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) လေ့ကျင့်ခန်း လုပ်ပါ

ဘယ်လို လေ့ကျင့်ခန်းမျိုးကိုမှ မလုပ်နိုင်ဘူးဆိုရင်တောင် တစ်နေ့ကို နာရီဝက် မနားတမ်း လမ်းလျှောက်ပေးပါ။ နောက်ထပ် အကောင်းဆုံး လေ့ကျင့်ခန်းကတော့ ယောဂ ပဲ ဖြစ်ပါတယ်။ ယောဂ က ခန္ဓာကိုယ်ပေါ်က အဆီတွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် အခြားသော ကျန်းမာရေး ကိုပါ များစွာ အထောက်အကူ ဖြစ်စေပါတယ်။

(၂) ဗိုက် လေ့ကျင့်ခန်းများကို ဦးစားပေး လုပ်ပါ။

ဗိုက်ကို တုန်ခါ စေတဲ့ စက်နဲ့ အဆီချ ပေးခြင်း ၊ ထိုင် - ထ လေ့ကျင့်ခန်း လုပ်ပေးခြင်း၊ အိပ်ထ မတင် လုပ်ပေးခြင်း စတဲ့ ဗိုက်လေ့ကျင့်ခန်းတွေက ဗိုက်ကို သိသိသာသာ လျော့ကျစေပါတယ်။ ဗိုက်လျော့ကျသွားတဲ့အခါ တခြားသော ခန္ဓာကိုယ်က အဆီတွေကလည်း လူတွေ သတိထားမိကြမှာ မဟုတ်ပါဘူး။

(၃) စောစော အိပ်ရာဝင်ပါ

တစ်ညမှာ ၅ - ၆ နာရီခန့်ပဲ အိပ်တဲ့ သူတွေက တစ်ညမှာ ၇ - ၈ နာရီလောက် အိပ်တဲ့သူတွေထက် ခါးနဲ့ ဗိုက်နေရာ တစ်ဝိုက်မှာ အဆီတက်ပြီး ဝနိုင်ခြေ ၆၀ ရာခိုင်နှုန်းပိုများနိုင်ပါတယ်။ တတ်နိုင်သလောက် စောစော အိပ်ရာဝင်ခြင်းနှင့် အိပ်ချိန်မှန်ခြင်းက အကောင်းဆုံးပဲ ဖြစ်ပါတယ်။

(၄) သံပရာရည် သောက်ပါ

တစ်နေ့မှာ သံပုရာရည် ထမင်း စားဇွန်း နှစ်ဇွန်ခန့် နေ့စဉ် သောက်ပေးနိုင်ပါတယ်။ ဒီလို သောက်ပေးခြင်းဖြင့်လည်း ခန္ဓာကိုယ်ထဲရှိ အဆီတွေကို ဖယ်ရှားပေးနိုင်မှာပဲ ဖြစ်ပါတယ်။

(၅) စိတ်ဖိစီးမှုကို အနိုင်ယူပါ

စိတ် ဖိစီးမှုတဲ့အခါ ဝမ်းဗိုက်မှာ အဆီပိုတွေ စနေတတ်ပြီး ပိုပြီးတော့လည်း ရင့်ရော်စေပါတယ်။ ဒ့ါကြောင့် တတ်နိုင်သလောက် စိတ်ဖိစီးမှုတွေကို လျှော့ချပေးပါ။

(၆) ဆေးလိပ်၊ အရက် ဖြတ်ပါ

အထူးသဖြင့် အရက်၊ ဘီယာ သောက်သုံးခြင်းက ခန္ဓာကိုယ်ထဲ ရှိ အဆီတွေကို ပိုပြီး များစေပါတယ်။ ဒီလို သောက်သုံးဖို့အတွက် မြည်းတဲ့ အမြည်းတွေက ပိုလို့တောင် အဆီတက်စေပါတယ်။ ဒါ့ကြောင့် အစားအသောက် အနေအထိုင် ဆင်ခြင်ကြဖို့ အကြံပေးချင်ပါတယ်။

အားလုံးပဲ ကျစ်လစ်လှပသော ခန္ဓာလေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

သတင်းအရင်းအမြစ် - how to get slim body (YouTube)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။