ဖေဖေါ်ဝါရီ ၂၆ ရက်နေ ့ညက California ပြည်နယ် Los Angeles မှာရှိတဲ့ Dolby ပြဇာတ်ရုံမှာကျင်းပခဲ့တဲ့ အော်စကာဆုပေးပွဲမှာ La La Land ဇာတ်ကားဟာ ဆုပေါင်း ၆ ဆု ဆွတ်ခူးပြီး သမိုင်းသစ်ရေးထိုးနိုင်ခဲ့ပါတယ်။

ဒီကားရဲ ့ဒါရိုက်တာ အသက် ၃၂ အရွယ် Damien Chazelle ဟာလည်း အော်စကာ သမိုင်းမှာ အသက်အငယ်ဆုံးသူအဖြစ် သမိုင်းဝင်သွားပါတယ်။

ဇာတ်ကားဆုကြေငြာချိန်မှာ Moonlight အစား La La Land ကို မှားကြေငြာမိခဲ့ပေမယ့်လည်း ဒီနှစ်ကျင်းပတဲ့ အော်စကာဆုပေးပွဲဟာ La La Land ရဲ ့ အောင်ပွဲခံတဲ့နှစ်ပဲဖြစ်ခဲ့ပါတယ်။

La La Land ဇာတ်ကားဟာ အော်စကာဆုပေးပွဲမှာ အကောင်းဆုံး ထုတ်လုပ်မှုဒီဇိုင်း၊

အကောင်းဆုံး ဓါတ်ပုံဆု၊

အကောင်းဆုံး နောက်ခံတေးဂီတဆု၊

အကောင်းဆုံး ဇာတ်ဝင်တေးဆု

(City of Stars) ၊

ဒါရိုက်တာဆုနဲ ့ဇာတ်ဆောင်မင်းသမီးဆုတို ့ကို ရရှိခဲ့ခြင်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။