Smartphone တွေမပေါ်ခင်မှာ အကြမ်းခံ ပြီး Battery အားခံနိုင်မှုကြောင့် နာမည်ကြီးခဲ့တဲ့ Nokia ဖုန်းတွေ တစ်ကျော့ပြန်လည်လာပြီဖြစ်ပါတယ်။

2000 ခုနှစ်စွန်းပိုင်းက ဖုန်းလောကကို လွှမ်းမိုးနိုင်ခဲ့တဲ့ Nokia ဟာ သူ့ရဲ့နာမည်ကျော် Keypad ဖုန်းပုံစံနဲ့အတူ တစ်ကျော့ပြန် ပြန်လည်ဝင်ရောက်လာပြီပဲဖြစ်ပါတယ်။ အသစ်ထုတ်မယ့် မော်ဒယ် 3310 မှာ Batteryသက်တမ်း တစ်လတာနိုင်ရည်ရှိပြီး ၂၂နာရီကြာ ဖုန်းပြောနိုင်ကာ ကင်မရာတစ်လုံးပါဝင်မယ်လို့ သိရပါတယ်။

Camera မှာ 2 megapixels သာရှိပြီး ပားလွှာပြီူ အကြမ်းခံတဲ့ဒီဇိုင်းကိုအသုံးပြုထားကာ အနီ၊ အဝါ၊ နက်ပြာနဲ့ မီးခိုးရယ်လို့ အရောင်လေးရောင်လာပြီး စျေးနှုန်းကတော့ 49 ယူရိုကျသင့်မှာဖြစ်ပါတယ်။ ဒါ့အပြင် နာမည်ကျော်ခဲ့တဲ့ Nokiaရဲ့ Snake game လည်း ပြန်လည်ပါဝင်လာမှာဖြစ်ပါတယ်။

Source : dailymail

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။