အကိုက်အခဲ ပျောက်ဆေးကို သုံးစွဲတဲ့ လူဦးရေ ရာခိုင်နှုန်းက တစ်ဝက်နီးပါးခန့် ရှိနေပြီး ကိုယ်အပူကျဆေးကိုလည်း အကိုက်အခဲ ပျောက်ဆေးအဖြစ် အသုံးပြုနေကြပါတယ်။ လူသိများတဲ့ အကိုက်အခဲပျောက်ဆေး၊ ကိုယ်အပူကျဆေးက Acetyl Salicylic Acid ဖြစ်ပြီး အကိုက်အခဲကို သက်သာပျောက်ကင်းစေသော်လည်း ရင်တုန်စေသော ဆိုးကျိုး အာနိသင် ရှိပါတယ်။

အကိုက်အခဲ ပျောက်ဆေး သောက်လိုက်ခြင်းဖြင့် တစ်ချိန်တည်းမှာ ချွေးထွက်များကာ ကိုယ်ကို အေးစေပြီး အနာဒဏ်ရာကြောင့် အပူဖြစ်စေ၊ ရာသီဥတုကြောင့်ဖြစ်စေ၊ အခြား အကြောင်းရင်းကြောင့်ဖြစ်စေ ခေတ္တခဏ အပူကျကာ သက်သာစေနိုင်ပါတယ်။ ဒီဆေးမျိုးကို သောက်ခြင်းဖြင့် အကိုက်အခဲလည်းပျောက် ကိုယ်ပူလည်း ကျကာ နေသာထိုင်သာ ရှိသွားတတ်ပါတယ်။ သို့သော် ကိုယ်မပူဘဲ ကိုယ်လက် နာကျင်ကိုက်ခဲသူများအနေဖြင့် အကိုက်အခဲပျောက်ဆေးကို သောက်လျှင် ချွေးထွက်များခြင်း၊ ရင်တုန်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။

အကိုက်အခဲပျောက်ဆေးက သွေးကိုကျဲစေသော အာနိသင်ရှိတာကြောင့် ကိုယ်လက်အင်္ဂါ ထိခိုက်ရောင်ရမ်းခြင်း၊ သွားကိုက်၍ ပါးရောင်ခြင်း၊ အဆစ်အမြစ်များ ရောင်ရမ်းကိုက်ခဲခြင်းတို့ကို အလွန်ထိရောက်လှပါတယ်။ သို့သော် ခွဲစိတ်ကုသမည့် လူနာများနှင့် သွားနုတ်ရန် လိုအပ်သော လူနာများအနေဖြင့် အနာသက်သာစေရန် ဒီဆေးကို ကြိုတင်သောက်ထားရန် မသင့်တော်ပါ။ အမျိုးသမီးများ မီးယပ်လာချိန်တွင် နာကျင်ကိုက်ခဲမှုကြောင့် အကိုက်အခဲပျောက်ဆေးကို သုံးစွဲရာ နာကျင်ကိုက်ခဲများကို အနည်းငယ် သက်သာစေနိုင်သော်လည်း ရာသီသွေးများ တရဟော ဆင်းစေတတ်ပါတယ်။

အကိုက်အခဲပျောက်ဆေးကို မကြာခဏ / နှစ်ရှည်လများ သုံးစွဲလာသော အခါတွင် အစာအိမ်နှင့် အူအိမ်တို့ကို ထိခိုက်စေနိုင်ပြီး အစာအိမ်ရောဂါ၊ အူသိမ်၊ အူရောင် ရောဂါများကို ခံစားရစေနိုင်ပါတယ်။ အကိုက်အခဲပျောက်ဆေးကို ဝမ်းဗိုက်တွင် အစာမရှိချိန် လုံး၀ မသုံးစွဲသင့်ဘဲ အစားစာပြီးချိန်တွင်လည်း ဆေးကို အလုံးလိုက် မသောက်ဘဲ ဆေးက တော်ရုံ မကြေစေဘဲ ဆေးနှင့် ထိတွေ့သော အူနရံက အနာဖြစ်သွားတတ်တာကြောင့် ဆေးကို ချေပြီးမှသာ သောက်သုံးသင့်ပါတယ်။ ထို့အပြင် ဗိုက်နာခြင်း၊ သွေးဝမ်းသွားခြင်း၊ အသည်းထိခိုက်ခြင်း၊ ရိုးတွင်းခြင်ဆီများ ခမ်းစေခြင်း … တို့ကိုလည်း ဘေးထွက်ဆိုးကျိုးများ အနေဖြင့် ဖြစ်ပေါ် ခံစားရစေနိုင်ပါတယ်။

ဒ့ါကြောင့် အကိုက်အခဲပျောက်ဆေးကို လုံး၀ စွဲမသောက်မိဖို့ အရေးကြီးပါတယ်။ ကျန်းမာခြင်းက လာလ်တစ်ပါးမို့ ကျန်းမာရေးကို ဂရုစိုက်ကြဖို့လည်း အကြံပေးချင်ပါတယ်။ နိုင်ငံခြားဆေးများအနေဖြင့် အစွမ်းထက်ရောက်မှု မြန်လေလေ အန္တရာယ်ကြီးလေ ဖြစ်တာကြောင့် သတိထား ဆင်ခြင်ပြီး ဆေးသောက်ကြဖို့နှင့် ဆရာဝန်များရဲ့ လမ်းညွှန်ချက်အတိုင်းသာ ဆေးသောက်ကြဖို့ တိုက်တွန်းချင်ပါတယ်။

သာယာပျော်ရွှင်သော နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေနော်။

သတင်းအရင်းအမြစ် - Dr. Tin Shwe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။