မနက်အိပ်ယာထတာနဲ့ မနက်စာကို စားကိုစားရမှာပါ။မနက်စာစားခြင်းက တစ်နေ့တာလုံးလိုအပ်တဲ့ အင်အား တွေကို ရစေပါတယ်။ဗိုက်ထဲအစာမရှိဘဲနဲ့တော့ မနေသင့်ပါဘူး။ ပြီးတော့ ဗိုက်ထဲအစာမရှိဘဲနဲ့ မစားသင့် တာတွေ စားမိရင်လည်း ဗိုက်အောင့်ပြီး ဆီးချိုဖြစ်နိုင်ချေတွေ ပိုများတာကို တွေ့ရပါတယ်။

ဗိုက်ထဲမှာ အစာမရှိတဲ့အချိန်မှာ တဆေးများနဲ့ ပြုလုပ်ထားတဲ့ မုန့်တွေ၊ အထူးသဖြင့် ဂျုံမှုန့်၊ ထောပတ်၊ တဆေး နဲ့ပြလုပ်တဲ့မှုန့်တွေကို စားလိုက်ခြင်းအားဖြင့် လေပွခြင်း၊ ဝမ်းဖောဝမ်းရောင် တို့ကိုဖြစ်စေပါတယ်။coffee နဲ့ Tea စသည်တို့ကလည်း ဗိုက်ထဲဘာမှ မရှိဘဲမသောက်သင့်ပါဘူး။ တစ်ချို့ကတော့ ညစာကို မစားပဲအိပ်ကြပါတယ်။ ဟုတ်ပါတယ် ညစာအရမ်းအပြည့်စားရင်လည်း အစာမကြည်တာတို့ ရင်ပြည့်ရင်ကယ်ဖြစ်ပြီး အိပ်စက်ရာကို အနှောက်ယှက်ဖြစ်စေပါတယ်။ 

အကောင်းဆုံးကတော့ မနက်စာကို မြန်မာတို့ကတော့ ထမင်းကိုမနက်စာအဖြစ်စားကြတာများပါတယ်။ ဒါကြောင့် မနက်စာစားရင်လည်း ကြက်ဥ အသီးရွက်နဲ့ ုပဲပြုတ်တို့ကိုပါ ထည့်စားပေးရင် တစ်နေ့တာအတွက် လိုအပ်တဲ့ အာဟာရပြည့်ဝမှုကိုရရှိစေမှာဖြစ်ပါတယ်။ ဒါကြောင့် အပြင်စာတွေစားမဲ့အစား အဟာရပြည့်ဝတဲ့ ထမင်းဆီဆမ်း ပဲပြုတ်တို့ စားပေးရင်ရပါပြီး ။အသုတ်ဆိုရင်လည်း မသန့်ရှင်းတာတို့ ဖြစ်နိုင်တာမု့ိ မစားတာ အကောင်းဆုံးပါပဲ။ ကျန်းမာချမ်းသာကြပါစေ။

Source: Jolly

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။