အချစ်တော် ရွှေမင်းသမီးလေး ကစ်ကတော့ လက်ရှိမှာ ခရီးတွေ ဆက်နေသလို မကြာသေးခင်ကလည်း ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ကို Paris Fashion weekကို Loreal Myanmar Teamနဲ့ ပူပေါင်းကာ ကိုယ်စားပြုအနေနဲ့ Beauty Blogger  နေခြည်ဦးနဲ့ အတူ တက်ရောက်ခဲ့ပါသေးတယ်။မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်သလို အကယ်ဒမီ ဆု နှစ်ဆုကို ဆွတ်ခူးပိုင်ဆိုင်ထားနိုင်ပြီဖြစ်တဲ့ ကစ် ဟာ မကြာသေးခင်က "ဒဏ္ဋာရီမိုး" ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးပြီးစီးခဲ့ပြီဖြစ်ပါတယ်။

မကြာခင်မှာလည်း နေခြည်ဦး၊ နေမင်း တို့နဲ့ အတူ ရိုက်ကူးထားတဲ့ "ရန်သူ" ရုပ်ရှင်ဇာတ်ကားကြီးမှာ ခပ်ဂျစ်ကန်ကန် Tomboyဇာတ်ကောင်နဲ့ ပင်ကိုယ်ဇာတ်ကောင်တွေနဲ့ ကွဲထွက်နေတာမို့ ဘယ်လိုရသမျိုးတွေ ခံစားရမလဲ ဆိုတာကတော့ ရုံတင်ရင် ပရိသတ်တွေ အပြေးကြည့်သင့်တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ လတ်တလောမှာတော့ ကစ်ဟာ စင်ကာပူနိုင်ငံကို ရောက်ရှိနေတာဖြစ်ပြီး သူမပါဝင်ရိုက်ကူးခဲ့တဲ့ ရုပ်ရှင် ဇာတ်ကားကြီးတစ်ကားဖြစ်တဲ့ "လရောင်ဖြာတဲ့ အင်းလေးမှာ"ရုပ်ရှင် ရုံပြသ ခြင်းအထိမ်းအမှတ်အနေနဲ့ တက်ရောက်ခဲ့တာဖြစ်ပါတယ်။

"လရောင်ဖျာတဲ့ အင်းလေးမှာ "ရုပ်ရှင်ဇာတ်လမ်းကို ကစ်နဲ့အတူ ကိုနေတိုး၊ မင်းသမီး ဝါဝါဝင်းရွှေ ရဲ့သားဖြစ်သူ မင်းသား ဝါဇင်တို့နဲ့ အတူရိုက်ကူးခဲ့ပြီး မြန်မာနိုင်ငံမှာတော့ ရုံတင်ပြသခဲ့ပြီးဖြစ်ပါတယ်။ စင်ကာပူနိုင်ငံမှာ ရုံတင်ပြသတဲ့ အနေနဲ့ Fan Meeting ပွဲလေးကို Golden Mile Tower , Canival Cinema မှာကျင်းပခဲ့ပြီး စင်ကာပူမှာ နေထိုင်ကြတဲ့ ကစ်ရဲ့ ပရိသတ်တွေ သောင်းသောင်းဖျဖျနဲ့ ပန်းစည်းလေးတွေ လေးတွေနဲ့ တကွ ကြိုဆိုခဲ့ကြတာကြောင့် ကစ်တစ်ယောက် အပြုံးလေးတွေ ဝေခဲ့ရပါတယ်။ ဒီရုပ်ရှင် ရဲ့ နောက်ထပ်မင်းသား အနေနဲ့ နေတိုးကတော့ ညီဖြစ်သူ မင်းသွေး ဇာပနကြောင့် တက်ရောက်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး...။

source: Wutt Mhone shew yi;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။