အနုပညာလောကသားတွေကို စိတ်နှလုံးခိုက်ခိုက်တုန် ကြေကွဲအောင် ညီအကိုရင်းပမာ ချစ်ခင်ရတဲ့ ရုပ်ရှင်သရုပ်ဆောင် မင်းသွေး တစ်ယောက် ရုတ်တရက် ဆိုသလို လူ့လောကကနေ ထွက်ခွာသွားတာဟာ (၅)ရက်သာ ရှိပါသေးတယ်။ နေ့မြင်ညပျော်က ဆိုသလို ရုတ်တရက် ဆုံးပါးခဲ့ရတာကြောင့် ပရိသတ်တွေ သာမက သူငယ်ချင်းနဲ့ အနုပညာအသိုင်းအဝိုင်း ၊ မိသားစု ဝင်တို့ကလည်း ခုထိ လက်မခံနိုင်သေးပါဘူး။

အရွယ်လည်းကောင်း ၊ စန်းအားဖြင့်လည်း တက်နေသလို၊ အရမ်းကို သရုပ်ဆောင်ကောင်းတဲ့ အနုပညာရှင် တစ်ဦးမို့ တကယ်ကို ပိုလို့ စိတ်မကောင်း ဖြစ်ကာ နမြောတဿဖြစ်ရပါတယ်။မင်းသွေးကို ညီအကိုတစ်ယောက်လို ချစ်ခင်ကြတဲ့ အဆိုတော် ယုန်လေး၊ ဝေဠုကျော် ၊ မြင့်မြတ်၊ ဟိန်းဝေယံ၊ စည်ဖြိုး ၊ မိုးယံဇွန်၊ ကောင်းခန့်၊ထွန်းထွန်း တိုနဲ့ မင်းသွေး ရုပ်အလောင်းကို မီးသဂြိုလ်နေစဉ် စောင့်ဆိုင်းနေကြစဉ် ရင်ထဲမှာ ဘယ်လော်က ပူလောင်နေကြမလဲ ဆိုတာ မျက်နာလေးတွေ အားလုံးမိုင်ပြီး ခံစားနေရတာတွေ့ရမှာပါ။

ရင်ထဲ မှာ ခံစားနေရတဲ့ အပူမီးတွေကို မခံနိုင်တဲ့ အဆုံး Video လေးနဲ့ တကွ " ငါတို့ကို တကယ်ထားသွားတာလားကွာ။မယုံနိုင်သေးဘူး ။ စက်ထဲရောက်တဲ့အထိ ပြန်များလာမလား မျော်လင့်မိနေတုန်းကွာ။မိတ်ဆွေ သူငယ်ချင်းများအားလုံး အရာရာ ဂရုစိုက် ဆင်ခြင်ကျပါ " ဆိုပြီး မိုင်တွေနေတဲ့ မင်းသွေးကို ချစ်ကြသူတွေကို မြင်တွေ့ ရမှာပါ။ မင်းသွေးအတွက်လည်းဌက်လေးတွေ လွတ်လပ်စွာပျံသန်းရသလို သူငယ်ချင်းလည်း ကောင်းကင်ဘုံမှာ လွတ်လပ်စွာအနားယူပါတော့ လို့ ငှက်လွတ်ခြင်း အလှူ အပြင်အဆိုတော် ထူးအယ်လင်းကလည်း "မင်းအတွက် ရည်စူးပြီး ရှေးဟောင်းစေတီတစ်ဆူမှာ ထီးတော်တင်ပြီး ကုသိုလ်ပြုကြမယ် စိတ်ချ ညီလေး ။" လို့ အသီးသီးကောင်းမှု ကုသိုလ်တွေ ပြုခဲ့ကြပါတယ်။

source: yone lay Video ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။