လွန်ခဲ့တဲ့ ရက်အနည်းငယ်ကကြွေလွင့်ခဲ့ရတဲ့ နာမည်ကြီး အနုပညာရှင် မင်းသွေးအတွက် ကျန်ရစ်သူမိသားစု အနုပညာညီအကိုမောင်နှမတွေနဲ့ ပရိသတ်တွေကတော့ ဝမ်းနည်းပူဆွေးလို့နေကြပါတယ်။ဘယ်သူမှမထင်ထားခဲ့တာကြောင့် ပရိသတ်တွေကော အနုပညာလောကသားအားလုံးပါ ယူကြုံးမရဖြစ်ကာ ဝမ်းနည်းပူဆွေးခဲ့ရတာတွေ့ရပါတယ်။မင်းသွေးရဲ့ ရုပ်အလောင်းကိုတော့ အောက်တိုဘာ(၇)ရက်နေ့ နံနက်(၆)နာရီ(၃၀) မိနစ်အချိန်က ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရေဝေးသုဿန်မှာ မီးသဂြိုလ်ခဲ့ပြီး အရိုးပြာကိုတော့ အုတ်ဂူသွင်းခဲ့တာ တွေ့ရပါတယ်..။

ပရိသတ်တွေပါမက အနုပညာရှင်အမြောက်များကလည်းမင်းသွေးနဲ့ ပက်သတ်ပြီး ဝမ်းနည်းကြေကွဲကြောင်း စာများကို ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ရေးသားဖော်ပြကြတာတွေ့ရပါတယ်။လတ်တလောမှာလည်း အဆိုတော်ထူးအယ်လင်းဟာ ကွယ်လွန်သူ မင်းသွေးတွက် ပြည်ဘက်က ရှေးဟောင်းစေတီတစ်ဆူမှာ ထီးတော်တင်ပြီး ကုသိုလ်ပြုလုပ်ပေးကြမယ်လို့ဖော်ပြထားပြီး ဝမ်းနည်းကြောင်းစာလေးကိုလည်းဖော်ပြထားပါတယ်။ကိုထူးအယ်လင်းရဲ့ ရင်တွင်းခံစားချက်လေးကတော့ "မင်းအတွက် ရည်စူးပြီး ရှေးဟောင်းစေတီတစ်ဆူမှာ ထီးတော်တင်ပြီး ကုသိုလ်ပြုကြမယ် စိတ်ချ ညီလေး ။စေတီထီးတင်မယ့်နေရာက ပြည်ဘက်မှာပဲ။ငါမင်းအတွက် စိတ်မကောင်းဖြစ်နေမယ့်အစား ကုသိုလ်ပဲရစေချင်တယ် ။ယောက်ကျားတွေက ယောက်ကျားပီသစွာနဲ့ ဖြစ်သင့်ရာ ဖြစ်ထိုက်ကြောင်းကိုပဲ စီစဉ်ဆောင်ရွက်မယ်။မင်း ရောက်လေရာဘုံဘဝမှာ အစစအရာရာကောင်းမွန်ပါစေ။ဒီနေ့မင်း မီးသဂြိုလ်တဲ့နေရာတော့ ငါလိုက်မပို့ပေမယ့်သံသရာခရီးလျောက်လှမ်းဖို့အတွက်တော့ ငါတို့ ညီအကိုတွေတတ်နိုင်သလောက်လမ်းခင်းပေးနိုင်ပါတယ် ညီလေးမင်းသွေး ။ဒါပါပဲ "ဆိုပြီးပြောကြားထားတာတွေ့ရပါတယ်။

မယုံနိုင်လောက်တဲ့ ဖြစ်ရပ်တစ်ခုအဖြစ် ဖြစ်ပေါ်ခဲ့တဲ့ ရုတ်တရက် သေဆုံးမှုကြောင့် မိသားစုအပါအဝင် အနုပညာညီအကိုမောင်နှမများနှင့် ပရိသတ်အားလုံးလည်း ဝမ်းနည်းပူဆွေးခဲ့ရတာတွေ့ရပါတယ်။နေတိုး နဲ့ မင်းသွေး တို့ညီအကို နှစ်ယောက်စလုံးက ပြည်သူချစ် အနုပညာရှင်တွေ ဖြစ်ကြတာမို့ အနုပညာရှင်မိသားစုထဲက ကြယ်တစ်ပွင့် ကြွေလွင့်သွားသလိုပါပဲနော် ။မိသားစုနဲ့ထပ်တူကြေကွဲ ဝမ်းနည်းရတာအမှန်ပါပဲ...။

Source:Htoo El Lynn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။