ပရိသတ်တွေ အားကျရတဲ့အနုပညာရှင်မိသားစုလေးထဲမှာ ပရိသတ်အချစ်တော်လင်းလင်းနဲ့ ချစ်သုဝေတို့မိသားစုလေးကလည်းထိပ်ဆုံးကပါဝင်နေပါတယ်။လင်လင်းနဲ့ချစ်သုဝေတို့ရဲ့ ချစ်စရာကောင်းတဲ့ခေတ်နဲ့သစ်လေးကလည်း ပရိသတ်တွေအားလုံးရဲ့နှလုံးသားတွေကို သိမ်းပိုက်ထားတဲ့ အချစ်တော်လေးတွေပဲ ဖြစ်ပါတယ်။မိသားစုလိုက်ချစ်ဖို့ကောင်းကြတဲ့ သူတို့ကတော့ အမြဲသိုက်သိုက်ဝန်းဝန်းနဲ့ ချစ်စရာကောင်းတာကြောင့် ပရိသတ်တွေအမြဲအားကျကာအချစ်ပိုနေကြရတာပဲ ဖြစ်ပါတယ်။ 

အိမ်ထောင်ရှင်မလေးချစ်သုဝေကတော့ သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးနဲ့ အရမ်းကိုစိတ်ချမ်းသာနေတာကြောင့် အရင်ကထက် ကိုပိုမိုနုပျိုလှပနေတာပဲ ဖြစ်ပါတယ်။အောက်တိုဘာ(၇)ရက်နေ့ မနေ့ကလည်း "အောင်သမာဓိ" ပွဲတက်လေးတက်ခဲ့ပြီး သူမရဲ့ပွဲတက်အလှကတော့ ခင်ပွန်းဖြစ်သူ လင်းလင်းကိုတောင် အကြွေကြီးကြွေသွားစေခဲ့တာပဲ ဖြစ်ပါတယ်။ခေတ်နဲ့သစ်တို့ရဲ့မေမေလေးချစ်သုဝေရဲ့ ချစ်စရာကောင်းတဲ့အပြုံးချိုချိုလေးတွေနဲ့ ကျက်သရေရှိလှတဲ့တည်ငြိမ်တဲ့အလှတွေမှာ လင်းလင်းတစ်ယောက်ရုန်းမထွက်နိုင်ဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ 

သူမလူမှုကွန်ယက်မှာတော့ "အောင်သမာဓိ ပွဲတက်လေး စိန်လက်စွပ်တွေရော၊ ရွှေရင်ထိုးတွေရော၊ ရွှေတစ်ပိဿာရော ကံထူးသွားတဲ့ရွှေချစ်သူတွေအတွက် ပျော်စရာပါ"ဆိုပြီး ပွဲတက်အလှပုံရိပ်လေးတွေမျှဝေထားတာပဲ ဖြစ်ပါတယ်။ချစ်စရာကောင်းပြီးလှလွန်း စိန်လေးဖြစ်နေတဲ့ ချစ်သုဝေရဲ့အလှတွေကြောင့်လင်းလင်းတစ်ယောက်အကြွေကြီးကြွေကာ ချစ်စရာလေးမမလို့ သူမရဲ့ ပုံလေးတွေအောက်က ကွန်းမန့်ဝင်ခဲ့တာပဲ ဖြစ်ပါတယ်။တကယ့်ကိုချစ်စရာကောင်းတဲ့ ဇနီးမောင်နှံလေးပါပဲနော်။ချစ်စရာကောင်းတဲ့ ချစ်သုဝေရဲ့ ပွဲတက်ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။  

သတင်းအရင်းအမြစ် - ချစ်သုဝေ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။