UFC Lightweight ချန်ပီယံ ရုရှားလူမျိုး ခါဘစ်နော်မာဂိုမယ်ဒေါ့ဗ် Khabib Nurmagomedov ဟာ ချန်ပီယံဘွဲ့ ကာကွယ်ပွဲအဖြစ် ကော်နာမက်ဂရီဂေါ် Conor McGregor နဲ့ မနေ့က တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် မနက် (၈း၃၀)မှာ ထိုးသတ်အနိုင်ရရှိခဲ့တာတွေ့ရပါတယ်။ အဆိုပါ ပြိုင်ပွဲမှာ ခါဘစ်ကတော့ ကမ္ဘာ့ချန်ပီယံကြီး မက်ဂရီဂေါ်ကို စတုတ္ထအချီမှာပဲ အလဲထိုးအနိုင်ယူခဲ့ပြီး ချန်ပီယံဂုဏ်ကို ထိန်းသိမ်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။  

၎င်းပြိုင်ပွဲကတော့ ကမ္ဘာ့ချန်ပီယံဟောင်းကြီး မက်ဂရီဂေါ်ရဲ့ ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုလည်း ဖြစ်ခဲ့တာတွေ့ရပါတယ်။ ပရိသတ်အကြိုက် ပွဲတစ်ပွဲဖြစ်ခဲ့ပြီး ပြိုင်ပွဲအပြီး ရုန်းရင်းဆန်ခတ်မှုတွေကြောင့် နှစ်ဖက်အသင်းသားတွေထိုးကြိတ်မှုတွေဖြစ်ပေါ်ခဲ့တာလည်းတွေ့ရပါတယ်။ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရုရှားဖိုက်တာ ခါဘစ်ရဲ့ အသင်းသား(၃)ဦးကတော့ ရုန်းရင်းဆန်ခတ်ဖြစ်မှုမှာပါဝင်ခဲ့မှုကြောင့် ထိန်းသိမ်းခံခဲ့ရကြောင်း သိရပါတယ်။  

Nurmagomedov ရဲ့ပွဲကို တော့ ပရိသတ်တွေလည်း အကြိုက်တွေ့မယ်ထင်ပါတယ်။ မနေ့က အဆိုပါ ပွဲကောင်းတစ်ပွဲကို မကြည့်လိုက်ရတဲ့ လက်ဝှေ့ချစ်ပရိသတ်တွေအတွက် ပြိုင်ပွဲနှင့် ပြိုင်ပွဲအပြီး ရန်ပွဲဗီဒီယိုဖိုင်တွေကို မျှဝေပေးလိုက်ပါတယ်။

Vedis - Youtude

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။