VCD ခေတ်ဦးကာလမှာ အရမ်းပေါက်ခဲ့တဲ့ စီးရီးတွေထဲမှာ CITY FM နှစ်ပတ်လည်အခွေလေးတွေလည်း ပါဝင်ခဲ့တာ ပရိသတ်တွေအသိပါ ။ ဒီထဲကသီချင်းတစ်ပုဒ် ကို Cover Song အဖြစ် လူမှုကွန်ယက်ပေါ်မှာ ပြန်လည်အသက်သွင်းလိုက်တဲ့အချိန်မှ အခုအချိန်တော့ ကြည့်ရှုသူ ကိုးသောင်းခန်ပ နဲ့ ပေါ်ပြူလာအဖြစ် ရေပန်းစားနေတာကိုတွေ့ရပါတယ်။

နီနီခင်ဇော် ရဲ့ Red Generation တစ်ယောက် ဖြစ်တဲ့ Annie နဲ့ the Voice Myanmar ကနေထွက်ပေါ်လာခဲ့တဲ့ Mark Jason တို့ ပြန်လည်ဖန်တီးလိုက်တဲ့ မင်းပေးတဲ့ကမ္ဘာအမည်ရတဲ့ သီချင်းလေးကို ပရိသတ်တွေက တခဲနက် ပြန်လည်အားပေးနေကြတာလည်းဖြစ်ပါတယ်။မူလအဆိုတော်တွေဖြစ်ကြတဲ့ မင်းမော်ကွန်း နဲ့ မို့မို့ တို့ကတော့ သွက်သွက်လက်လက်လေးသီဆိုထားကြတာဖြစ်ပေမယ့် အသံပါဝါအားကောင်းတဲ့ Annie နဲ့ Mark တို့ကတော့ သီချင်းအေးအေး ပုံစံမျိုးလေးနဲ့ ပြန်လည်အသက်သွင်းထားတာကလည်း မတူညီတဲ့အရသာကို ပေးစွမ်းထားသလိုခံစားရပါသေးတယ်။

လတ်တလောမှာတော့ Annie ဟာ စနှိုက်သီချင်း နဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိနေသလို Mark Jason ကလည်း အင်္ဂလိပ်သီချင်းလေးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားနေတာလည်းဖြစ်ပါတယ် ။ ပရိသတ်တွေကတော့ သူတို့နှစ်ယောက် ပြန်လည်သီဆိုလိုက်တဲ့ သီချင်းအဟောင်းလေးကို အင်မတန်မှ အားပေးနေကြတာကိုလည်း မှတ်ချက်တွေမှာတွေ့ရပါတယ် ။ ပရိသတ်ကြီးရေ သူတို့နှစ်ယောက်ပြန်လည်သီဆုထားတာလေးကို နားထောင်ပြီးရင် မှတ်ချက်မှာတစ်ခုခုပြောဖို့ မမေ့နဲ့နော်

Source - Annie 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။