ဒီ 2018 ခုနှစ်လေးကတော့ တကယ့်ကို ထူးထူးခြားခြား ဆိုသလို မြန်မာနိုင်ငံမှာ ပထမဦးဆုံးအနေနဲ့ Miss Grand International ပြိုင်ပွဲကြီးကိုပထမဆုံးအိမ်ရှင်အဖြစ် လက်ခံကျင်းပမှာ ဖြစ်ပါတယ်။ လက်ရှိမှာ တော့ ကမ္ဘာတလွှားမှာ ရှိတဲ့ နိုင်ငံတကာက အလှမယ်လေးတွေဟာ ရန်ကုန်မြို့ကြီးကို ရောက်ရှိနေပြီ ဖြစ်သလို ထူးထူးခြားခြားလေးနဲ့ ပထမဆုံး လက်ခံကျင်းပမှာမို့ ရွှေမြန်မာတွေ အနေနဲ့ ဖော်ရွှေစိတ်ကောင်းရှိကြတာဟာ အထူးတလည် ပြောစရာ မလိုပေမဲ့လည်း စည်းကမ်းရှိပြီး ကြိုဆိုကြဖို့ လိုအပ်ပါတယ်။

အောက်တိုဘာလ(7) ရက်နေ့မှာတော့ Miss Grand International ပြိုင်ပွဲကြီးရဲ့ လှုပ်ရှားမှု တစ်ခုအနေနဲ့ မြန်မာနိုင်ငံမှာ အကြီးဆုံး ဗုဒ္ဓရုပ်ပွားဆင်းတုတော်ဖြစ်တဲ့ "ကျောက်တော်ကြီး " ဘုရား ကို အလှမယ်လေးတွေ အားလုံးသွားရောက် ဖူးမြော်ခဲ့ပါတယ်။ နောက်ထပ် လှုပ်ရှားမှု တစ်ခုအနေနဲ့လည်း ဆူးလေ၊ ဗဒ္ဓုလပန်းခြံကိုလည်း သွားရောက်လည်ပတ်ခဲ့ပြီး အလှဓာတ်ပုံလေးတွေ ရိုက်ကူးခဲ့ပါတယ်။" National Costume Competition " (အမျိုးသား ဝတ်စုံပြိုင်ပွဲ) ကိုတော့ အောက်တိုဘာ(12) ရက်နေ့၊ Gandamar Grand Ballroom မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပြီး နောက်ဆုံး Final ပြိုင်ပွဲကြီးကိုတော့ အောက်တိုဘာလ(25) ရက်နေ့မှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ကိုယ်စားပြု Miss Grand Myanmar အနေနဲ့ အလှမယ်လေး ဆုမြတ်ဖူးက ကိုယ်စားပြု ယှဉ်ပြိုင်မှာ ဖြစ်ပြီး အိမ်ရှင် နိုင်ငံ အနေနဲ့ ကျင်းပမဲ့ ဒီပွဲမှာစံပြအနေနဲ့ ပိုလို့ ကြိုးစားရမှာ ဖြစ်သလို ပိုလို့ တက်တက်ကြွကြွ နဲ့ ပါဝင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အိမ်ရှင်အနေနဲ့ အစစအရာရာ သတိထားကာ စည်းကမ်းရှိရမှာ ဖြစ်သလို နိုင်ငံတကာအလှမယ်တွေနဲ့ ရင်ဘောင်တန်း နိုင်ငံကိုယ်စားပြုယှဉ်ပြိုင်မဲ့ သူမကို စတင် VOTE တွေပေးလို့ ရနေပြီး ဖြစ်ပါတယ်။ 

source: Miss Grand International & Miss Grand Myanmar ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။