အိမ်ပြိုကျတာကို ကလေးကို ကျောမိုးပြီး ကာကွယ်ပေးတဲ့အဖေ

အဖေ့ရဲ့မေတ္တာ

September 23မှာ တရုတ်ပြည် အနောက်တောင်ဘက် ယူနန်ခရိုင်မှာ ရာသီဥတုဆိုးတာကြောင့် အိမ်ပြိုကျခဲ့ပါတယ်။ မီးသတ်သမားတွေက ကလေးကောအဖေကောကို အသက်ရှင်လျက် အပျက်အစီးပုံတွေထဲက ရှာတွေ့ခဲ့ပါတယ်။ အိမ်က သစ်သားနဲ့အုတ်နဲ့ ဆောက်ထားတာဖြစ်ပြီး မိုးများလို့ ပြိုကျခဲ့တာဖြစ်ပါတယ်။ မိသားစုလေးယောက်မှာ ၂ယောက်ကိုတော့ ကယ်နိုင်ခဲ့ပြီး အဖေနဲ့ ၂လအရွယ်ကလေးက အိမ်ထဲကျန်ခဲ့တာဖြစ်ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့က အပျက်အစီးတွေကို စက်ကိရိယာတွေနဲ့ဖယ်ပြီး သူတို့သားအဖကိုကယ်ခဲ့ရပါတယ်။ ရှာဖွေတွေ့ရှိတဲ့ အချိန်မှာတော့ အစာငတ်ရေငတ်တာကြောင့် ရေဓာတ်ချို့တဲ့နေပြီး သူ့သမီးငယ်ကိုတင်းကျပ်စွာဖက်ထားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။