လွန်ခဲ့တဲ့ ရက်အနည်းငယ်ကကြွေလွင့်ခဲ့ရတဲ့ နာမည်ကြီး အနုပညာရှင် မင်းသွေးအတွက် ကျန်ရစ်သူမိသားစု အနုပညာညီအကိုမောင်နှမတွေနဲ့ ပရိသတ်တွေကတော့ ဝမ်းနည်းပူဆွေးလို့နေကြပါတယ်။ မင်းသွေးရဲ့ သေဆုံးမှုကို လက်ရှိအထိမယုံကြည်နိုင်သေးသူများစွာရှိနေပြီး အိမ်မတ်တစ်ခုလို ဖြစ်စေချင်သူတွေလည်း များစွာရှိနေတာကိုတော့ အားလုံးသိမယ်ထင်ပါတယ်။ ဖြစ်ပျက်ခဲ့တဲ့ အရာတွေကို ပြန်လည်ပြင်ဆင်လို့မရတော့ပေမယ့် မင်းသွေးရဲ့ ပုံရိပ်တွေကတော့ ပရိသတ်တွေကြားမှာ ထင်ကျန်နေအုန်းမှာတော့အမှန်ပဲဖြစ်ပါတယ်။  

ပရိသတ်အချစ်တော်တစ်ယောက်အဖြစ် အနုပညာလောကမှာတင်မက ဂီတလောကမှာပါ တည်ရှိနေခဲ့တဲ့ မင်းသွေးရဲ့ အမှတ်တရ ဗီဒီယိုဖိုင်တွေနဲ့ တေးသီချင်းတွေကတော့ ထင်ကျန်နေဆဲဖြစ်တာတွေ့ရပါတယ်။ ကွယ်လွန်သွားခဲ့ပြီဖြစ်သော်လည်း ထွက်ရှိရန်ကျန်နေသေးတဲ့ ရုပ်ရှင်ဇာတ်ကားများစွာနှင့် တေးသီချင်းတွေကို ပရိသတ်တွေ အားပေးနေကြအုန်းမယ်ထင်ပါတယ်။  

မင်းသွေးရဲ့ သေဆုံးမှုက လူသာဖြစ်ပြီး နာမည်ကတော့ အမြဲထင်ကျန်နေအောင် ပရိသတ်တွေရဲ့ အားပေးမှုတွေ သတိတရရှိမှုတွေက အဓိကကြမယ်ထင်ပါတယ်။ ကျန်ရှိနေခဲ့တဲ့ အဆိုတော် သရုပ်ဆောင်မင်းသွေးရဲ့ အတိတ်က အလွမ်းပြေအမှတ်တရတွေ၊ ဗီဒီယိုတွေ၊ တေးသီချင်းတွေကို နားဆင်ရင်း မင်းသွေးတစ်ယောက်အမှန်တကယ်ပျောက်ကွယ်မသွားသေးဘူးဆိုတာ သက်သေပြလို့ရနေသေးပါတယ်။ မင်းသွေးချစ်ပရိသတ်တွေအတွက် အတိတ်ကမင်းသွေးပုံရိပ်တွေကို ပြသရင်း မင်းသွေးတစ်ယောက်ရင်ထဲမှာအမြဲရှိနေကြောင်း သက်သေပြလိုက်ရအောင်နော်...။

Photos - Min Thway 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။