အကယ်ဒမီဆု(၂) ဆုရှင် ကို ဆွတ်ခူးထားတဲ့ မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ကတော့ လက်ရှိမှာ စင်ကာပူနိုင်ငံကို ရောက်ရှိနေတာဖြစ်ပါတယ်။ ပင်တိုင်စံ ရုပ်ရှင် မင်းသမီးလေးမို့ ရုပ်ရှင်ကားကြီးတွေ တကားပြီး တကား ထွက်ရှိလာနေသလို သူမရဲ့ ရုပ်ရှင်တွေထဲက တစ်ခုဖြစ်တဲ့ " လရောင် ဖြာတဲ့ အင်းလေးမှာ " ရုပ်ရှင် ဇာတ်ကားကြီးဟာ စင်ကာပူနိုင်ငံမှာ ပြသခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

"လရောင် ဖြာတဲ့ အင်းလေးမှာ "ရုပ်ရှင်ဇာတ်ကားကြီးကို ကစ် နဲ့အတူ အကယ်ဒမီမင်းသားချော နေတိုး၊ မင်းသမီးကြီး ဝါဝါဝင်းရွှေ ရဲ့သားဖြစ်သူ မင်းသား ဝါဇင်တို့နဲ့ အတူရိုက်ကူးခဲ့ပြီး မြန်မာနိုင်ငံမှာတော့ ရုံတင်ပြသခဲ့ပြီးဖြစ်ပါတယ်။ စင်ကာပူနိုင်ငံမှာ ပထမဆုံး ရုံတင်ပြသတဲ့ အနေနဲ့ စင်ကာပူရောက် မြန်မာတွေ နဲ့ အတူFan Meeting တွေ့ဆုံလက်မှတ်ထိုးပွဲလေးကို ကျင်းပခဲ့ပြီး Golden Mile Tower , Canival Cinema နဲ့Singapore Shaw Cinema တို့မှာကျင်းပပြုလုပ်ခဲ့ပါတယ်။

စင်ကာပူနိုင်ငံမှာနေထိုင်ပြီး အလုပ်ကြိုးစားနေကြတဲ့ ရွှေမြန်မာတွေကိ ုစိတ်အပန်းဖြေကာ ရသခံစားစေမဲ့ "လရောင် ဖြာတဲ့ အင်းလေးမှာ " ဆိုတဲ့ ရုပ်ရှင် ဇာတ်လမ်းကို ကြည့်ရှူ့အားပေးကြမဲ့ မြန်မာပရိသတ်တွေဟာ အဓိက သရုပ်ဆောင်တွေဖြစ်ကြတဲ့ ကစ်နဲ့ အတူ၊ မင်းသား ဝါဇင် ၊ ဝါဝါ၀င်းရွှေတို့ ရဲ့အမှတ်တရ လက်မှတ်ထိုးပွဲလေးကို ကြိတ်ကြိတ်တိုး တက်ရောက်ခဲ့ကြသလို မင်းသမီလေး ကစ်အတွက် အမှတ်တရ ပန်းစည်းလေးတွေ တပွေ့တပိုက်နဲ့ အိမ်ပြန်ရအောင် ကြိုဆိုခဲ့ကြပါတယ်။ သူမရဲ့Facebook စာမျက်နာထက်ကနေ "မနေ့က လရောင်ဖြာတဲ့အင်းလေးလက်မှတ်ထိုးပွဲကို ကျိတ်ကျိတ်တိုးလာရောက်ကြတဲ့ ချစ်ပရိတ်သတ်ကြီးအားလုံးကိုကျေးဇူးအထူးပါလို့" လို့ ကျေးဇူးတင်စရာ ဆိုထားသလို ညီဖြစ်သူ သရုပ်ဆောင် မင်းသွေးရဲ့ ဇာပနကြောင့် မတက်ရောက်နိုင်ခဲ့တဲ့ နေတိုးကို နားလည်ပေးနိုင်မယ် ထင်သလို ဒီသတင်းကြောင့်လည်း မြန်မာပရိသတ်တွေ အရမ်းကို ဝမ်းနည်းခဲ့ရပါတယ်။

စင်ကာပူက ရွှေမြန်မာတွေပေးတဲ့ ပန်းစည်းတွေနဲ့ ပျော်ရွှင်နေတဲ့ ကစ်ရဲ့ အလှတွေနဲ့ အတူပျော်ရွှင်နေတဲ့ အမှတ်တရ ပုံရိပ်လေးတွေကို မျှဝေပေးရင်း နေခြည်ဦး၊ နေမင်းတို့ နဲ့ ရိုက်ကူးထားတဲ့ ကစ်ရဲ့ နောက်ထပ်ရုပ်ရှင်သစ်ဖြစ်တဲ့'' ရန်သူ" ရုပ်ရှင် ဇာတ်ကားကြီးကို မကြာခင်မှာ မြန်မာတနိုင်ငံလုံး ရုံတင်ပြသတော့မှာ မို့ ပရိသတ်များ စောင့်မျှော်အားပေးကြပါဦးနော်..။

source:Wutt Hmone Shwe Yi ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။