ပရိသတ်တွေရဲ့ အချစ်တော်လေးတွေဖြစ်ကြတဲ့ Myanmae Idol Season 3 ရဲ့ အဖွဲ့သားတွေကတော့ အဖွဲ့ဝင်တွေစုံစုံညီညီနဲ့ လှူဒါန်းမှုတေလးတွေ ပြုလုပ်ပြီး ပါဝင်ကုသိုလ်ပြုခဲ့ကြတာ တွေ့ရပါတယ်..။

Myanmar Idol Season 3 Grand Final နေ့က SMS Voting မှရရှိခဲ့တဲ့ အလှူငွေများကို လှိုင်သာယာမြို့နယ်မှာရှိတဲ့ အောင်ဇေယျာမင်း ပရဟိတကျောင်းလေးမှာ သွားရောက်လှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်..။

အောင်ဇေယျာမင်း ပရဟိတကျောင်းလေးအတွက် အလှူငွေ သိန်း(၃၈၀)ကျပ်နဲ့ အခြားလှူဒါန်းဖွယ်ပစ္စည်းတွေကိုလည်း သွားရောက်လှူဒါန်းခဲ့ကြပြီး ကလေးငယ်လေးတွေကိုလည်း တေးသီချင်းလေးတွေနဲ့လည်း သီဆိုဖျော်ဖြေပေးခဲ့ကြတာလည်း တွေ့ရပါတယ်..။

ချစ်ရတဲ့ သူငယ်ချင်းမိတ်ဆွေ ဆရာသမားတွေနဲ့အတူ သွားရောက်လှူဒါန်းခဲ့ကြတဲ့အတွက် ပျော်ရွှင်စရာလည်းကောင်းသလို ကလေးငယ်လေးတွေအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်ကုသိုလ်ယူနိုင်ခဲ့ကြတဲ့အတွက် တကယ်ကို ဝမ်းသာပီတိဖြစ်စရာပါပဲနော်..။

အခုလို တတ်ညီလက်ညီ ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး သွားရောက်လှူဒါန်းခဲ့ကြတဲ့ သာဓုခေါ်စရာအလှူပုံရိပ်လေးတွေကိုလည်း ချစ်ရတဲ့ပရိသတ်တွေကိုလည်း ပြန်လည်မျှဝေထားကြတာမို့ ပရိသတ်တွေကလည်း ဝမ်းသာအားရ သာဓုခေါ်ဆုတောင်းစကားလေးတွေ ပြောပေးထားကြတာ တွေ့ရပါတယ်..။

ကုသိုလ်ယူရင်း ပျော်နေကြတဲ့ Myanmar Idol Saeson 3 အဖွဲ့သားများရဲ့ ကုသိုလ်အလှူပုံရိပ်လေးတွေကိုလည်း ချစ်ရတဲ့ Myanmarload ပရိသတ်ကြီးများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo – အရှင်သု နန္ဒ၊ We Love Phyo Myat Aung၊ We Love Maung Cho

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။