လှပတဲ့ ကိုယ်ခန္ဓာကောက်ကြောင်းတွေနဲ့ အတူ Sexy ကျကျ မော်ဒယ်လ်အလှပုံတွေကို ရိုက်ကူးရင်း နာမည်ရလာတဲ့ မော်ဒယ်လ်လေး နွယ်နွယ်ထွန်းဆိုရင် ပရိသတ်တွေ ရင်းနှီးကြမယ်ထင်ပါတယ်နော်။ ပုရိသတွေ ကြားမှာ နွယ်နွယ်ထွန်း ရယ်လို့ တသသ ရေပန်းစားတဲ့ ထိ အောင်မြင်တဲ့ ဆွဲဆောင်မှု ရှိတဲ့ သူမဟာ ဘုရားကပေးတဲ့ ကျစ်လျစ်ပြီး အချိုးကျလှပတဲ့ ကိုယ်ခန္ဓာကောက်ကြောင်းပိုငရှင်လေးဖြစ်ပါတယ်။

အတင့်သင့်တဲ့ အရပ်အမောင်းနဲ့ အတူ လှပကြည်လင်တဲ့ အသားအရေကိုပါ ပိုင်ဆိုင်ထားပြီး ကြည့်ကောင်းနေတဲ့ သူမကို ဆန့်ကျင့်ဘက် လိင်တွေကို ရင်လှိုက်ဖိုအောင် ညို့အားပြင်းပြင်းနဲ့ ဆွဲဆောင်နိုင်သူပါ။ မျက်နာကျလေးက ပါ ကလေးဆန်လှပပြီး ကြည့်ကောင်းတဲ့ သူမကတော့ ခရီးသွားရတာ အထူးနှစ်သက် သလို ခရီးတွေကလိုလည်း အလျင်သင့်သလို ထွက်ပြီး အနုပညာအလုပ်တွေနဲ့ မျှတအောင် လုပ်နိုင်သူလေးပါ။

လက်ရှိမှာ နွယ်နွယ်ထွန်းဟာ စင်ကာပူရဲ့ Fort Siloso အပန်းဖြေစခန်းကို အလည်ရောက်ရှိနေတာဖြစ်ပြီး ကလေးဆန်ဆန် အဝါဝတ်စုံလေးနဲ့ သူမ နဲ့ လိုက်ဖက်အောင် ဝတ်ဆင်ထားပြီး အရမ်းကို ချစ်စရာကောင်းနေပါတယ်။ ခရီးထွက်နေရရင်ကို ပျော်နေတတတ်တဲ့ သူမရဲ့ မျက်နာကျနဲ့ ပုံစံလေးက DJ soda နဲ့ ခပ်ဆင်ဆင် အမူအရာလေး ဖြစ်နေသလို ကလေးဆန်တဲ့ အမူအရာလေးတွေနဲ့ Sexy ကျပြီး တမူချစ်ရာကောင်းနေပြန်ပါတယ်။

source: Nwe Nwe Tun ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။