Selena အတွက် ဒေါ်လာ (၃) သန်းကတော့ ပါးပါးလေးပဲလား။ Selena Gomez တစ်ယောက်ကတော့ အိမ်ခြံမြေစျေးကွက်ထဲက Forth Worth မှာရှိတဲ့ ပေတစ်သောင်းပတ်လည် စံအိမ်ကြီးကိုဝယ်ယူဖို့ စိုင်းပြင်းနေပါတယ်။ 

အိပ်ခန်းငါးခန်းနဲ့ ရေချိုးခန်းခြောက်ခန်းပါဝင်တဲ့ အဲဒီအိမ်ကြီးကို ဒေါ်လာ(၂.၉၉၉)သန်းနဲ့ စျေးခေါ်တာထားဖြစ်ပါတယ်။ ရေကူးကန်ပါဝင်ပြီး ကျယ်ဝန်းတဲ့ နောက်ဖက်ခြံ၊ အားကစားလုပ်ဖို့အတွက် အရမ်းသင့်တော်တဲ့ တင်းနစ်ကွင်း၊ မာဘယ်ကျောက်ပြားတွေခင်းထားတဲ့ ကြည်နူးဖွယ် လျှောက်လမ်း၊ မျက်စိအေးစရာ မြက်ခင်းစိမ်းစိမ်း၊ စိတ်အေးလက်အေးအနားယူနိုင်မယ့် လသာဆောင်၊ အပန်းဖြေအနားယူချိန်အတွက် နံရံကပ် TV အကြီးကြီးရယ် နွေးနွေးထွေးထွေး သက်တောင့်သက်သာနေနိုင်ဖို့ မီးလင်းဖိုလေးရယ် ပါဝင်တဲ့ အခန်း..

ကျယ်ဝန်းသန့်ပြန့်တဲ့ မီးဖိုချောင်နှစ်ခု၊ နီညိုရောက်တောက်ပနေတဲ့ ဗီရိုတွေ၊ အညိုရင့်ရောင်ထိုင်ခံတွေနဲ့ မီးခိုးရောင်ဖျော့ဖျော့ထမင်းစားစားပွဲကို လိုက်ဖက်ညီစွာ ခင်းကျင်းထားတဲ့ ထမင်းစားခန်း၊ အိပ်မက်လှလှမက်ဖို့ အကောင်းဆုံးဖန်တီးပေးနိုင်မယ့် အခင်းအကျင်းတွေနဲ့ အိပ်ခန်းကျယ်ကြီးတွေ၊ စိတ်ဖိစီးမှုဖြေလျော့ဖို့အတွက် ဂိမ်းကစားတဲ့အခန်း စတဲ့ စတဲ့ အမျိုးမျိုးသော အခန်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သွားရည်ယိုစရာ စံအိမ်ကြီးကို ပိုင်ရှင်သစ် မင်းသမီးလေး Selena Gomez က အမေရိကန်ဒေါ်လာ(၃)သန်းနဲ့ ဝယ်ယူခဲ့ပြီဖြစ်ပါတယ်။

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။