လူတွေဟာတစ်ရက်တစ်ရက် သွားလာလှုပ်ရှားနေရာကနေ ရုတ်တရက် သေးဆုံးခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်း၊စတဲ့ရောဂါလက္ခဏာတွေခံစားရတတ်ပါတယ်။ဒါတွေဟာ အကြောင်းမဲ့သက်သက်တော့ မဖြစ်တန် ကြပါဘူး။ အကြောင်းရင်းတွေများစွာရှိကြပါတယ်။ ဒီအထဲမှာမှ ရုတ်တရက်နှလုံးရပ်ခြင်းက အရမ်းကြောက် စရာကောင်းပါတယ်။နှလုံးခုန်နှုန်းတွေ ဗြောင်ဆန်လာပြီး နှလုံးရပ်သွားရခြင်းဖြစ်ပါတယ်။အသက်ကိုပင် နှုတ် ယူတဲ့အထိဖြစ်သွားနိုင်ပါတယ်။ရင်ဘတ်အောင့်တက်ခြင်း၊ မေးရိုးအောင့်ခြင်း၊ မှုးဝေလာခြင်း၊ ဘာမှ တုန့်ပြန်မှု တွေမရှိရင်တော့ ဒါဟာနှလုံးရပ်မဲ့လက္ခဏာရပ်တွေဖြစ်ပါတယ်။

နှလုံးထိခိုက်တဲ့လူတစ်ဦးကို အချိန်မှီအရေးပေါ်ကုသနည်းတွေနဲ့ ကုသပေးဖို့လိုပါတယ်။လူတိုင်းသိကြတဲ့ ရင်ဘတ် ပေါ်လက်နှစ်ဖက်ကို တစ်ဖက်လက်ပေါ်တစ်ဖက်တင်ပြီး ရင်ဘတ်ကိုအနည်ဆုံး ၅ စင်တီမီတာ လောက်ဝင်သွားအောင်ဖိချပေးပါ။ ပြီးနောက် ဦးခေါင်းကိုဖြေညင်စွာ နောက်သို့စောင်းပေးပါ။ လေလမ်း ကြောင်းဖွင့်ပေးခြင်းဖြစ်ပါတယ်။အသက်ရူသံ ရှိမရှိစစ်ဆေးပါ။ 

လေမှုတ်သွင်းစဉ် နှစ်ခေါင်းကိုနှစ်ဖက်ဖြင့် ပိတ်ပြီး သတိလစ်နေသူရဲ့ ပါးစပ်ကို သင်၏ပါးစပ်ဖြင့်လုံးအောင် ပိတ်ပါပြီးမှ လေမှုတ်သွင်းပါ။လေမှုတ်သွင်းနှုန်းသည် တစ်စက္ကန့်လောက်သာကြာပါစေ။ ပြီးမှ လူနာရင်ဘတ် မြင့်တက်လာမလာကြည့်ပါ။ မြင့်တက်လာရင် ဒုတိယ တစ်ချက်မှုတ်သွင်းပေးပါ။ဒါက အရေးပေါ် လူနာတင် ယာဉ်မရောက်သေးမီလုပ်ဆောင်ရမဲ့အချက်လေးတွေဖြစ်ပါတယ်။ ဒီအချက်တွေလုပ် ဆောင်တဲ့သူဟာလည်း အရင်ကတစ်ခါမှမလုပ်ဖူးသေးတဲ့သူဆိုရင်တော့ မလုပ်မိဖို့ တောင်းဆိုပါတယ်။ ကျွမ်းကျင်တဲ့သူတွေပဲ လုပ်ပါ စေ။

source: Jolly

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။