အနေအထိုင်ကြောင့်ဖြစ်ဖြစ်၊ အလုပ်ကြောင့် ဖြစ်ဖြစ်၊ အားကစား လုပ်လို့ပဲဖြစ်ဖြစ် .. ခန္ဓာကိုယ် နာကျင်ကိုက်ခဲမှုကို လူတိုင်းနီးပါး ခံစားရဖူးပါတယ်။ ခန္ဓာကိုယ် နာကျင်ကိုက်ခဲမှုခြင်း ဖြစ်လာတဲ့အခါ ဘယ်နေရာမှာ နာကျင်ကိုက်ခဲမှုဖြစ်လဲ ဆိုတာကို ကောင်းစွာဆန်းစစ်၍ သက်တောင့်သက်သာ ဖြစ်စေရန် နေထိုင်သင့်ပါတယ်။ ကောင်းမွန်စွာ အနားယူသင့်ပါတယ်။

နာကျင်ကိုက်ခဲမှုကို သက်သာစေဖို့အတွက် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေး ပြုလုပ်ပါ။ နာကျင်ကိုက်ခဲနေတုန်းအချိန်မှာ နှိပ်နယ်ခြင်းကို အထူးသဖြင့် လုံး၀ မပြုလုပ်သင့်ပါဘူး။ နာကျင်ကိုက်ခဲမှုကို ပျောက်ကင်းသက်သာစေရန်အတွက် ဆေးမြှီးတိုများ၊ ပတ်ဝန်းကျင်မှ ညွှန်ကြားသော ဆေးများကို မိမိသဘောအတိုင်း မသောက်သုံးသင့်ပါဘူး။ လိုအပ်လျှင် ဆရာဝန်နှင့် တိုင်ပင်၍ ဆေးကုသမှုကို ကောင်းစွာခံယူပါ။ နာကျင်ကိုက်ခဲမှုကို ပေါ့ဆပါက အချိန်ကြာလာတဲ့အမျှ သင့်ရဲ့ အရိုးအဆစ်၊ ကြွက်သားများကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။

နာကျင်ကိုက်ခဲမှုကိုသက်သာစေဖို့အတွက် အသုံးပြုတဲ့ မော်ဖင်းဆေးထက် တရားမှတ်ခြင်း (သို့မဟုတ်) ယောဂကျင့်ခြင်းက ပိုမိုအစွမ်းထက်ကြောင်း သိရှိပါတယ်။ တစ်နေ့ကို မိနစ်နှစ်ဆယ်လောက် သတိအပြည့်နဲ့တရားမှတ်ခြင်းက အစွမ်းထက် ဆေးဝါးတွေထက် နာကျင်ကိုက်ခဲမှုကို လျော့နည်းသက်သာစေပါတယ်။ ဒါ့ကြောင့် အကိုက်အခဲ ပျောက်ဆေးတွေကို အလွန်အမင်း သုံးစွဲခြင်းထက် နေ့စဉ် အားကစား ပုံမှန်လုပ်ခြင်းက ပိုပြီး အကျိုးသက်ရောက်မှု ရှိတယ်လို့ အကြံပေးချင်ပါတယ်။

သတင်းအရင်းအမြစ် - How to reduce pain (YouTube)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။