ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လူချောလေး(၇)ယောက် ဆိုရင် ပရိသတ်တွေရင်းနှီးပြီးသားဖြစ်တဲ့ Project K အဖွဲ့ လေးဆိုရင် ပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်။ မကြာခင်ကပဲ Dance Crew ကနေ Boy band လေးအဖြစ် ပြောင်းလဲကာ "ပုံပြောကောင်းသူ" ဆိုတဲ့ သီချင်းလေး ထွက်ရှိခဲ့သလို ယနေ့တိုင် အောင်မြင်မှု ရရှိနေဆဲ မြန်မာနိုင်ငံရဲ့ ပထမဆုံး ယောကျ်ားလေး အဆိုတော်အဖံဲ့လို ဆိုရမှာပါ။

K-Pop အဖွဲ့တွေလို အဆိုနဲ့ အကPerformance ကို ပေါင်းစပ်ပြီး ပရိသတ်တွေကို အကောင်းဆုံး သီချင်းရသတွေ ပေးနိုင်ဖို့ ကြိုးစားနေတဲ့ Project K အဖွဲ့ လေးကတော့ မိန်းမလှလေး မော်ဒယ်လ် မေတိုးခိုင်နဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီ ဖြစ်ပါတယ်။ သရုပ်ဆောင်နဲ့ မော်ဒယ်လ်မလေး မတိုးခိုင်ကတော့ ပရိသတ်တွေရဲ့ ရင်းနှီးပြီးသား မင်းသမီးကြီး အူဝဲ ရဲ့ တူမလေး ဖြစ်သလို လက်ရှိမှာကိုယ်ပိုင် အနုပညာလှမ်းကို လျှောက်လှမ်းနေတဲ့ တက်သစ် စ မော်ဒယ်လ်တွေထဲက တစ်ယောက်ဖြစ်ပါတယ်။

မေတိုးခိုင်နဲ့ အတူ Project K အဖွဲ့ လေးထဲ့ လူချောလေး (၇) ယောက်တို့ oppo Smart Phone ကြော်ငြာလေးနဲ့ အတူ အောက်တိုဘာလရဲ့FASHION MAGAZINE COVER 2018 လေးကို ထူးထူးခြားခြားလေးဖြစ်အောင် ရိုက်ကူးထားပြီး ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လူချောလေး(၇)ယောက်ကြားထဲမှာ ဗျာများခဲ့ရတဲ့ မေတိုးခိုင် အဖြစ် ဝိုင်းဝိုင်းလည်နေတာကို တွေ့ ရှိရမှာပါ။ အရမ်းကို ချစ်စရာကောင်းတဲ့ ကြော်ငြာပုံရိပ်နဲ့ အလှဓာတ်ပုံလေးတွေကို ပြန်လည် ဖော်ပြလိုက်ရပါတယ်နော်။

source: Kyaw Thu Han photo crd ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။